Homeပြည်တွင်းသတင်းကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်ရဲ့ဆရာတော်ကို စစ်ကောင်စီဖမ်းဆီးစစ်ဆေးနေ

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်ရဲ့ဆရာတော်ကို စစ်ကောင်စီဖမ်းဆီးစစ်ဆေးနေ

၁၈ ဇူလိုင်၊ ၂၀၂၄

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ဝူယန်ကျေးရွာရှိ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC)က သိက္ခာတော်ရ ဆရာတော် Mading Hkaw Bawn ကို စစ်ကောင်စီက ဇူလိုင်လ ၁၇ ရက်၊ နေ့လည် ၁၂ နာရီ ဝန်းကျင်က ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

စစ်ကောင်စီနဲ့ ပြည်သူ့စစ်တွေဟာ ဇူလိုင် ၁၇ ရက်က ကျေးရွာတွင်းလမ်းတွေကို မြေတူးစက်တွေသုံးပြီး ဖျက်ဆီးနေကြောင်း ဆရာတော်က ဖုန်းနဲ့ ရုပ်သံ ရိုက်ကူးထားတာကြောင့် ဖမ်းဆီးတာဖြစ်တယ်လို့ သိရပါတယ်။

အရင်က ရွာလမ်းဖျက်ဆီးတာတွေကို မှတ်တမ်းတင်ပြီး မီဒီယာတွေကို ပေးခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးလိုက်တာ ဖြစ်ပြီး အခု(ဇူလိုင်လ ၁၈ ရက်) အထိ အဆက်အသွယ်မရသေးဘူးလို့ သိရပါတယ်။

စစ်ကောင်စီဟာ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) က သိက္ခာတော်ရဆရာတော် ဒေါက်တာ ခလမ်ဆမ်ဆွန်ကိုလည်း ထောင်ဒဏ် ၆ နှစ်ချမှတ်ထားရာကနေ အခုနှစ် ဧပြီလ ၁၇ ရက်က လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီး အဲဒီနေ့မှာပဲ ပြန်လည်ဖမ်းဆီးခဲ့ကာ လက်ရှိအထိ လွှတ်ပေးခြင်းမရှိသေးပါဘူး။

ပုံ – Rev. Hkaw Bawn Mading Facebook

Related News

Most Read