Homeပြည်တွင်းသတင်းဒဂုံဆိပ်ကမ်းမြို့နယ်၊ ၆၇ ရပ်ကွက်ရုံး ဗုံးခွဲတိုက်ခိုက်ခံရ

ဒဂုံဆိပ်ကမ်းမြို့နယ်၊ ၆၇ ရပ်ကွက်ရုံး ဗုံးခွဲတိုက်ခိုက်ခံရ

၃၀ ဇူလိုင် ၂၀၂၅

ရန်ကုန်ုတိုင်းဒေသကြီး၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ၆၇ ရပ်ကွက်ရုံးနဲ့ စစ်တပ် နောက်လိုက်အဖွဲ့တွေကို ပစ်မှတ်ထားပြီး ပြင်းအားမြင့်ချိန်ကိုက်ဗုံးတွေနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ Operation Flame (OF) က သိရပါတယ်။

ဇူလိုင်လ ၂၉ ရက် ည ၇ နာရီကျော်က ‘Fire Power’ အထူးစစ်ဆင်ရေးအဖြစ် တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီ ရွေးကောက်ပွဲကို လုံးဝ လက်မခံကြောင်းနဲ့ စစ်တပ်ကို အရှိန်မြင့် တိုက်ခိုက်ချေမှုန်းသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

ဖောက်ခွဲတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးမှုနဲ့ ပျက်စီးမှုအခြေအနေကိုတော့ အသေးစိတ်မသိရသေးပါဘူး။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး