ရှမ်းပြည်နယ်(မြောက်ပိုင်း)၊မူဆယ်မြို့၊တောင်ပေါ် ဘုရားအနီးမှာ ဇူလိုင်လ ၂၆ ရက် မနက် ၉ နာရီခန့်ကအမျိုးသမီးတစ်ဦး ဓါးနဲ့အချက်ပေါင်းများစွာ ခုတ်ခံရပြီး ပစ္စည်းလုယက်ခံရလို့ သွေးထွက်လွန်ပြီး သေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
“ဓါးနဲ့အချက်ပေါင်းများစွာခုတ်ပြီး အမျိုးသမီးဆီကနေပိုက်ဆံအိတ်နဲဖုန်းကို လုယက်သွားပါတယ်။ ဓါးနဲ့ခုတ်ခံရတဲ့အမျိုးသမီးက ချက်ချင်းတော့ သေမသွားဘူး။ ဓါးဒဏ်ရာတွေကြောင့် သွေးထွက်လွန်ပြီး နောက်မှသေသွားရှာတယ်”လို့ ဒေသခံတဦးကပြောပါတယ်။
မူဆယ်မြို့မှာ မကြာခဏဆိုသလို ဓါးပြတိုက်လု ယက်မှုဖြစ်ပွားနေပြီး ပြီးခဲ့တဲ့ရက်ပိုင်းကလည်း သေနတ်ပစ်မှုဖြစ်ပွားခဲ့ပြီး အမျိုးသမီးနှစ်ဦး သေဆုံးခဲ့ရတဲ့ဖြစ်စဥ်တစ်ခုဖြစ်ပွားခဲ့တယ်လို့လည်း သိရပါတယ်။


