Homeပြည်တွင်းသတင်းမုံရွာ နမခက စစ်မှုထမ်းစစ်ကောင်စီတပ်သား ၃ ဦး မုံရွာပကဖထံ အလင်းဝင်

မုံရွာ နမခက စစ်မှုထမ်းစစ်ကောင်စီတပ်သား ၃ ဦး မုံရွာပကဖထံ အလင်းဝင်

၁၅ ဇူလိုင် ၂၀၂၅

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် အတွင်းက စစ်မှုထမ်းနဲ့ စုဆောင်းခံရတဲ့ စစ်ကောင်စီတပ်သား ၃ ဦး မုံရွာပကဖထံ အလင်းဝင်ရောက်လာတယ်လို့ မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူထံက သိရပါတယ်။

ဇူလိုင် ၁၃ ရက်က အနောက်မြောက်တိုင်းစစ်ဌာနချုပ်အခြေစိုက်ရာ မုံရွာနမခအတွင်းမှ စစ်ကောင်စီတပ်သား ၃ဦးဟာ လက်နက်မပါပဲ မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ တိုက်နယ်(၂) ပကဖ တိုက်ရေးအဖွဲ့နဲ့ ချိတ်ဆက်ပြီး အလင်းဝင်ရောက်ခဲ့တာလို့ သိရပါတယ်။

ထွက်ပြေးလာသူတွေဟာ စစ်ရာဇဝတ်မှုတွေနဲ့ ပတ်သက်မှုမရှိတာကြောင့် သူတို့ ဖြစ်စေခ​ျေင်တဲ့ ဆန္ဒအတိုင်း ဆောင်ရွက်ပေးသွားမယ်လို့ မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ က ဆိုပါတယ်။

ဇူလိုင်လ ၃ ရက်ကလည်း မုံရွာနမခ အနီးအနားက ကျေးရွာအခြေပြု ကင်းစစ်ကြောင်းကနေ စစ်ကောင်စီတပ်သား ၄ ဦး ထွက်ပြေးအလင်းဝင်ရောက်လာခဲ့ပါသေးတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး