Homeပြည်တွင်းသတင်းစာရေးဆရာ မောင်သာချို ကွယ်လွန်

စာရေးဆရာ မောင်သာချို ကွယ်လွန်

၁၀ ဇူလိုင် ၂၀၂၅

စာရေးဆရာမောင်သာချိုဟာ ဒီကနေ့ ဇူလိုင် ၁၀ ရက် မနက် ၈ နာရီမှာ ရန်ကုန်မြို့ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်က ပင်လုံဆေးရုံကြီးမှာ ကွယ်လွန်ခဲ့ပြီဖြစ်တယ်လို့ ဆရာအော်ပီကျယ်က သူရဲ့ လူမှုကွန် ရက်စာမျက်နှာက‌နေ အသိပေးထားပါတယ်။

ဆရာမောင်သာချိုဟာ ရန်ကုန် တိုင်း ကွမ်းခြံကုန်းမြို့ သုံးခွကျေးရွာဇာတိဖြစ်ပြီး၊ ၁၉၅၈ ခုနှစ် မတ်လ ၁၁ ရက် အင်္ဂါနေ့မှာမွေးဖွားခဲ့သူဖြစ်ပြီး အမည်အရင်းမှာ ဦးညွန့်သောင်းဖြစ်ကာ ကွယ် လွန်ချိန်မှာ အသက် ၆၇ နှစ်ရှိနေပြီဖြစ်တယ်လို့ သိရပါတယ်။

စစ်ကောင်စီက ၂၀၂၁ခုနှစ် ဖေဖော်ဝါ ရီလ ၁ ရက်နေ့မှာ စာရေးဆရာ မောင်သာချိုကို နိုင်ငံတော်အကြည်ညိုပျက်ဆီးစေမှု ပုဒ်မ ၅၀၅(က)နဲ့ ထောင်ဒဏ် ၂နှစ်ချမှတ်ခဲ့တာဖြစ်ပြီး၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁၇ ရက်နေ့ မှာလွတ်ငြိမ်းနဲ့ပြန်လည်လွတ်မြောက်လာခဲ့တာ ဖြစ်ပါတယ်။

ဆရာမောင်သာချိုဟာရန်ကုန်တက္ကသိုလ်ကနေ ၁၉၈၁ ခုနှစ်မှာ ဝိဇ္ဇာဘွဲ့၊ ၁၉၈၃ ခုနှစ်မှာ ဝိဇ္ဇာ(ဂုဏ်ထူးဘွဲ့)၊ ၁၉၈၈ တွင် မဟာဝိဇ္ဇာဘွဲ့များ ရရှိခဲ့ပြီး ၁၉၇၃ ခုနှစ် ဒီဇင်ဘာလထုတ်သောင်းပြောင်းထွေလာ ရယ်စရာ မဂ္ဂဇင်းမှာဖော်ပြခံရတဲ့ ‘ခေတ် သစ် မေတ္တာ’ ကဗျာနဲ့စာပေလောကကို စတင် ဝင်ရောက်ခဲ့သူတစ်ဦးဖြစ်ပါတယ်။

ဒါအပြင် ၁၉၈၈ ခုနှစ် ဇူလိုင်လထုတ် အိပ်မက်ဖူး မဂ္ဂဇင်းမှာ တာဝန်ခံ အယ် ဒီတာ အဖြစ်ဆောင်ရွက်ခဲ့ဖူးပြီး လုပ်သား များ ကောလိပ်၊ ဒေသကောလိပ်၊နိုင်ငံ ခြား ဘာသာသိပ္ပံ၊ ရန်ကုန် တက္ကသိုလ်၊ မိတ္ထီလာ ဒီဂရီ ကောလိပ်၊ ဟင်္သာတ ကောလိပ် ၊ ပညာရေးတက္ကသိုလ် မြန်မာစာဌာ နမှာ နည်းပြဘဝ ကထိကနဲ့ပါမောက္ခရာ ထူးတွေနဲ့ တာဝန်ထမ်းဆောင်ခဲ့သူတစ်ဦးဖြစ်ပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး