Homeပြည်တွင်းသတင်းထိုင်းဝန်ကြီးချုပ် ရာထူးမှ ဆိုင်းငံ့ခံရ

ထိုင်းဝန်ကြီးချုပ် ရာထူးမှ ဆိုင်းငံ့ခံရ

ဇူလိုင် ၂၀၂၅

ထိုင်းဝန်ကြီးချုပ် ပေထုန်ထန်ရှင်နာဝပ်ကို ဒီကနေ့ ဇူလိုင် ၁ ရက်မှာ ဖွဲ့စည်းပုံဆိုင်ရာခုံရုံးက ဝန်ကြီးချုပ်ရာထူးက ဆိုင်းငံ့လိုက်တယ်လို့သိရပါတယ်။

သူမဟာ ကျင့်ဝတ်ပိုင်းဆိုင်ရာကိစ္စရပ်တွေ ချိုးဖောက်တယ်လို့ စွပ်စွဲခံထားရတဲ့အမှုအပေါ် ဖွဲ့စည်းပုံဆိုင်ရာခုံရုံးက လက် ခံစစ်ဆေးမှာဖြစ်တဲ့အတွက် ရာထူးကနေ ဆိုင်းငံခံလိုက်ရတာဖြစ်တယ်လို့ သိရပါတယ်။

ထိုင်းဝန်ကြီးချုပ်အပေါ် ထိုင်းအထက် လွှတ်တော်အမတ် ၃၆ ယောက်က ကမ္ဘော ဒီးယားအထက် လွှတ်တော်ဥက္ကဋ္ဌ ဟွန်ဆန်တို့ ဖုန်းပြောဆိုတဲ့အသံဖိုင်ကိစ္စကို စုံစမ်းစစ်ဆေးဖို့ လျှောက်ထားခဲ့တာလည်းဖြစ်ပါတယ်။

အဲ့ဒီ အသံဖိုင်ထဲမှာ ပေထုန်တန်က အမှတ် ၂ စစ်တိုင်းမှူးကို ရန်ဘက်အဖြစ် ပြောဆိုတာ၊ ဟွန်ဆန်ကို အညံ့ခံလိုက် လျောတဲ့ လေသံနဲ့ပြောဆိုတာ၊ ကမ္ဘော ဒီးယား ဘက်က တောင်းဆိုသမျှ လိုက်နာဖို့ အသင့်ဖြစ်နေတာတွေဟာ ဝေဖန်စရာဖြစ်ခဲ့သလို့ အဲ့ဒီကိစ္စရပ်နဲ့ပန်သက်လို့ ဆန္ဒပြပွဲတွေလည်း ပြုလုပ်ခဲ့ပါတာတွေ့ရပါတယ်။

ဒါ့အပြင် ဝန်ကြီးချုပ်ဟာ ရိုးဖြောင့်မှုမရှိဘူး၊ ကျင့်ဝတ်စံနှုန်းတွေကို ဆိုးဆိုးရွားရွားချိုးဖောက်ရာရောက်တယ်လို့ လည်း စွပ်စွဲခံထားရပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး