Homeပြည်တွင်းသတင်းNACC က ရှင်နာဝပ်ထရာနဲ့ ဟွန်ဆန်တို့ရဲ့ ဖုန်းဆက်သွယ်ပြောဆိုသည့် အသံဖိုင်ကိစ္စ စုံစမ်းစစ်ဆေးမှုသဘောတူ

NACC က ရှင်နာဝပ်ထရာနဲ့ ဟွန်ဆန်တို့ရဲ့ ဖုန်းဆက်သွယ်ပြောဆိုသည့် အသံဖိုင်ကိစ္စ စုံစမ်းစစ်ဆေးမှုသဘောတူ

၂၅ဇွန် ၊ ၂၀၂၅

ထိုင်းအမျိုးသားအဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် (NACC) က ကမ္ဘောဒီးယား အထက် လွှတ်တော် ဥက္ကဋ္ဌ ဟွန်ဆန်နဲ့ ထိုင်းဝန်ကြီးချုပ် ပေထူုတန်ရှင်နာဝပ်ထရာတို့ အကြား ပေါက်ကြား ခဲ့တဲ့ဖုန်းခေါ်ဆိုမှု နဲ့ပတ်သက်လို စုံစမ်းစစ်ဆေးမှုစတင်ခဲ့ပြီဖြစ်တယ်လို့ The National သတင်းဖော်ပြချက်အရ သိရပါတယ်။

ဒီ စုံစမ်းစစ်ဆေးမှုအတွက် အမျိုးသားအဂတိ လိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်နာအဖွဲ့က တညီတညွတ် တည်း သဘောတူထားတာဖြစ်ပြီး သူတို့ နှစ်ဦးစကားပြောဆိုမှုတွေဟာ နှစ်နိုင်ငံနယ်စပ်တလျှောက် တင်း မာနေမှုတွေအတွက် လူ့ကျင့်ဝတ်စံနှုန်းတွေကို ပြင်းထန်စွာ ချိုးဖောက်မှုဖြစ်နိုင်တယ်လို့ ကော်မရှင်က ကောက်ချက်ချထားပါတယ်။

လတ်တလော NACC အနေနဲ့ အကြိုစစ်ဆေးမှု အပြီးသတ်ရန် ၁၀ ရက် သတ်မှတ်ထားပြီး ဖြစ်စဉ်အတွင်း ခမာအသံဖိုင်ကို ထိုင်းဘာသာအနေနဲ့တိကျစွာ ဘာသာပြန်ဆိုတာ ၊ သက်ဆိုင်ရာသက် သေ‌တွေကို မေးမြန်းတာ ၊ တည်ဆဲဥပဒေတွေ ကိုပြန်သုံးသပ်တာတွေ လုပ်ဆောင်မယ်လို့လည်းဆိုထားပါတယ်။

ပဏာမ စုံစမ်းစစ်ဆေးမှုမှာ လုံလောက်တဲ့ အကြောင်းပြချက်တွေ့ရှိခဲ့ရင် ဒီအမှုကို NACC ကော်မရှင် အဖွဲ့ဝင် တွေ က တရားဝင် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်မည်ဖြစ်ပြီး လိုအပ်ပါက အလုံးစုံ စုံစမ်းစစ်ဆေးတာတွေ လုပ်ဆောင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

ထိုင်းဝန်ကြီးချုပ် ပေထုံတန်ရှင်တာဝပ်ထရာအပေါ် ကျင့်ဝတ်ဆိုင်ရာ တိုင်ကြားချက်အရအထက် လွှတ်တော် ဥက္ကဋ္ဌ Mongkol Surasajja အပါအဝင် အထက်လွှတ်တော်အမတ်များက လက်မှတ်ရေး ထိုးကာ NACC ကိုလည်း တင်ပြထားပြီးဖြစ်တယ်လို့ သိရပါတယ်။

ပေထုံတန်ရဲ့ဝန်ကြီးချုပ်ရာထူးကို သူမ၏ လုပ် ဆောင်ချက်အပေါ် အခြေခံပြီး ပျက်ပြယ်တာမျိုး ရှိ၊ မရှိ ထည့် သွင်းစဉ်းစားဖို့ အလားတူ တိုင်ကြားချက်ကို ဖွဲ့စည်းပုံ အခြေခံဥပဒေ တရားရုံးကိုလည်း ပေးပို့ထားတယ်လို့ သိရပါတယ်

ဓာတ်ပုံ -The Nation Thailand

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး