ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ ဝါးတရာ စက်မှုဇုန်၊ မဟာမြိုင်လမ်းရှိ Rum Yang(Myanmar) အထည်ချုပ်စက်ရုံ လုပ်သားတွေ လုပ်ခလစာတိုးမြင့်ပေးရေးတောင်ဆိုနေမှု အလုပ်သမားညွှန်ကြားမှုဦးစီးဌာန က တိုင်းဦးစီးအရာရှိက ခြိမ်းခြောက်ပြောဆိုမှုတွေလုပ်လာတာကြောင့် တောင်းဆိုမှု ရုတ်သိမ်းလိုက်ရတယ်လို့ သိရပါတယ်။
Rum Yang (Myanmar) အထည်ချုပ်စက်ရုံလုပ်သားတွေအနေနဲ့ လုပ်ခလစာတိုးပေးရေးအတွက် ပြီးခဲ့တဲ့ ဇွန်လ ၉ ရက်နေ့မှ တောင်းဆိုခဲ့တာဖြစ်ပြီး ဒီကနေ့မှာ အလုပ်သမားညွှန်ကြားမှုဦးစီးဌာ တိုင်းဦးစီးအရာရှိက ခြိမ်းခြောက်ပြော ဆိုခဲ့တာဖြစ် တယ်လို့ဆိုပါတယ်။
TEERANOVA ၊ AMISU အမှတ် တံဆိပ်တွေ ချုပ်လုပ်တဲ့ ဝါးတရာ စက်မှုဇုန်မှ Rum Yang အထည်ချုပ်စက်ရုံ က လုပ်သားတွေက အနည်းဆုံး လုပ်ခ (၁၃၀၀၀) ကျပ် တိုးမြှင့်ပေးရန်၊ OT ကြေး (၂၅၀၀) ကျပ် တိုးပေးဖို့ ရန်နဲ့ ရက်မှန်ကြေး (၆၀၀၀၀) ကျပ် တိုးမြှင့်ပေးဖို့ တောင်းဆိုထားတာဖြစ်တယ်လို့ သိရပါတယ်။
တိုင်းဦးစီးအရာရှိက အလုပ်သမားတွေကို ခြိမ်းခြောက်ပြီးနောက် စက်ရုံဘက်က အချိန်ပိုကြေး ကျပ် (၁၀၀) သာတိုးပေးခဲ့ပြီး ကျန်တဲ့ တောင်းဆိုချက်တွေဖြစ်တဲ့ လုပ်ခလစာ တိုးပေးရေးနဲ့ ရက်မှန်ကြေး တိုးပေးရေး ကိစ္စတွေကို လိုက်လျောတာတွေ မရှိခဲ့ဘူးလို့လည်း အလုပ်သမားတွေဆီကသိရပါတယ်။