Homeပြည်တွင်းသတင်းILO ရဲ့ အရေးယူမှု စိုးရိမ်စရာမလိုဘူးလို့ စစ်ကောင်စီတုန့်ပြန်

ILO ရဲ့ အရေးယူမှု စိုးရိမ်စရာမလိုဘူးလို့ စစ်ကောင်စီတုန့်ပြန်

ဇွန်၊ ၂၀၂၅

ILO ရဲ့ ၁၃၃ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာအလုပ်သမားညီလာခံမှာ ဇွန် ၅ ရက်နေ့က မြန်မာနိုင်ငံကို ပုဒ်မ ၃၃ အရ အရေးယူဖို့ တညီတညွတ် ဆုံးဖြတ်ခဲ့တာနဲ့ပတ်သက်ပြီး စစ်ကောင်စီ ရဲ့ အလုပ်သမားဝန်ကြီးဌာနက မစိုးရိမ်ကြဖို့ ဆိုပြီး ထုတ်ပြန်ချက် တစောင်ထုတ်လိုက်ပါတယ်။

ဇွန်လ ၆ ရက်က ထုတ်ပြန်တဲ့ အဲ့ဒီထုတ်ပြန်ချက်မှာ ILO ဆုံးဖြတ်ချက်ကို နိုင်ငံရေးသက်ရောက်မှုအနေနဲ့သာကြည့်သင့်ပြီး စီးပွားရေးလုပ်ငန်းတွေကို သက်ရောက်မှုမရှိတာကြောင့် စိုးရိမ်စရာမလိုဘူးလို့ ဖော်ပြထားပါတယ်။

ဒါဟာ မြန်မာအစိုးရအပေါ် ဖိအားပေးရန် ရည်ရွယ်ချက်ရှိတဲ့ ဆုံးဖြတ်ချက်တရပ်သာဖြစ်ပြီး မြန်မာနိုင်ငံမှာ လုပ်ကိုင်နေတဲ့ ရှင်တွေနဲ့ စီးပွားရေးလုပ်ငန်းတွေကို သက်ရောက်မှု မရှိဘူးလို့ တုန့်ပြန်ထားပါတယ်။

ဇွန်လ ၅ ရက်က ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့မှာ ကျင်းပပြုလုပ်လျက်ရှိတဲ့ ၁၁၃ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာညီလာခံ (113th ILC) မှာ ILO က စစ်အုပ်စုကို အခြေခံ အလုပ်သမားအခွင့်အရေး၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ အထူးသဖြင့် ILO ရဲ့ လွတ်လပ်စွာ သင်းပင်းဖွဲ့စည်းခွင့်နဲ့ စုရုံးခွင့်ဆိုင်ရာ ပြဋ္ဌာန်းချက်အမှတ် (၈၇)နဲ့ အဓမ္မအလုပ်ခိုင်း စေခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်အမှတ် (၂၉) တို့ကို ကျူးလွန်ချိုးဖောက်မှုတွေကြောင့် Article 33 အရ အရေးယူဖို့ ဆုံးဖြတ်ချက်ချခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် အခုလို အရေးယူခံရတာဟာ နိုင်ငံတကာအဖွဲ့အစည်းတွေဖြစ်တဲ့ ကုလသမဂ္ဂအေဂျင်စီတွေရဲ့ နည်းပညာအကူအညီ၊ လူသားချင်းစာနာမှုအကူအညီတွေ ရပ်ဆိုင်းတာ၊ ရင်းနှီးမြှုပ်နှံမှုတွေ ပြန်လည်ထွက်ခွာတာ သံတမန်ရေးဆိုင်ရာ ထိခိုက်မှုတွေ ဖြစ်ပေါ်နိုင်တယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်နေကြပါတယ်။

မြန်မာနိုင်ငံဟာ ILO ပုဒ်မ ၃၃ အရအရေးယူခံရမှုမှာ ဒုတိယအကြိမ်ဖြစ်ပြီး ပထမအကြိမ်ကတော့ ၂၀၀၀ ခုနှစ် စစ်အာဏာရှင် သန်းရွှေလက်ထက်က ဖြစ်ခဲ့တာပါ။

ဆက်စပ် သတင်းများ

Most read