Homeပြည်တွင်းသတင်းစစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြားထဲက စာမေးပွဲ ကျင်းပနိုင်ခဲ့တယ်လို့ KNU ထုတ်ပြန်

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြားထဲက စာမေးပွဲ ကျင်းပနိုင်ခဲ့တယ်လို့ KNU ထုတ်ပြန်

၂၂ မတ်၊ ၂၀၂၅

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု တွေကြားကနေ စာမေးပွဲကို အောင်မြင်အောင်ပြုလုပ်နိုင်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU က မတ်လ ၂၂ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်နယ်မြေတွေမှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ရှိနေပေမယ့်လည်း သဒူးပလာယာခရိုင်၊ ဝင်းရေးမြို့နယ်မှာ ကရင်ပညာရေးနှင့် ယဉ်ကျေးမှုဌာန၏ ကော်သူးလေ အစိုးရစစ် စာမေးပွဲကို အောင်မြင်စွာပြုလုပ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ကော်သူးလေ အစိုးရစစ် စာမေးပွဲကို တာဝန်ရှိခေါင်းဆောင်များနှင့် ကျောင်းဆရာ ဆရာမများရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ၂၀၂၅ ခုနှစ် မတ်လ ၁၄ ရက်က အောင်မြင်စွာဖြင့် ဖြေဆိုပြီးစီး ခဲ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်။

အဆိုပါ ကော်သူးလေ အစိုးရစစ် စာမေးပွဲကို Karen Education Culture Department (KECD) Grade – 6,9,12 စတဲ့ အတန်းပညာရေးကျောင်းသား ကျောင်းသူတွေက နှစ်စဉ်နှစ်တိုင်းဖြေဆိုရတာဖြစ်ပါတယ်။

ပုံစာ – တောထဲတွင် စာမေးပွဲဖြေဆိုနေကြရသော ကျောင်းသား၊ ကျောင်းသူများ

ဓါတ်ပုံ – KNU

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး