၂၄ ဖေဖေါ်ဝါရီ ၊၂၀၂၅
ဘန်ကောက်မြို့ရှိ MBK စင်တာကို ထိုင်းလဝက နဲ့ ရဲတွေ ဖေဖေါ်ဝါရီလ ၂၄ ရက်နေ့ ယနေ့မှာ ဝင်ရောက် စစ်ဆေးခဲ့ပြီး လုပ်ပိုင့်ခွင့်မရှိတဲ့ လုပ်ငန်းတွေလုပ်ကိုင်နေတဲ့ နိုင်ငံခြားအလုပ်သမားတွေကို ဖမ်းဆီးခဲ့တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြလာမှုအရ သိရပါတယ်။
ဖမ်းဆီးခံရတဲ့ နိုင်ငံခြားအလုပ်သမားတွေအတွင်း မြန်မာ ၂၀ ဦး၊ ဆီးရီးယား ၁ ဦး၊ အိန္ဒိယ ၁ ဦးအပါအဝင် အထောက်အထားမဲ့ နိုင်ငံခြားသားအလုပ်သမား၂၂ ဦးအား ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ ဖမ်းဆီးခံ အလုပ်သမားတွေအနေနဲ့ ထိုင်းနိုင်ငံသားတွေသာ လုပ်ကိုင်ခွင့်ရှိတဲ့ အလုပ်ငန်းတွေမှာ လုပ်ကိုင်နေကြသူများပါဝင်သလို၊ အထောက်အထားမဲ့များလည်း ပါဝင်ပြီး လက်ရှိတွင် ပသူဝမ်ရဲစခန်းကို လွှဲပြောင်းပြီး တရားစွဲဆိုမှုတွေ ဆောင်ရွက်ထားတယ်လို့ သိရပါတယ်။
Photo – Khaosod English