၂၉ ဇန်နဝါရီ ၊၂၀၂၅
ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့မှာရှိတဲ့ လူစည်ကားရာနေရာတွေကို စစ်ကောင်စီက ပြီးခဲ့တဲ့ ဇန်ဝါရီလ ၂၅ ရက် နဲ့ ၂၇ ရက်နေ့တွေက လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူတွေသေဆုံးခဲ့ ရတဲ့ဖြစ်စဉ်အပေါ် ရှမ်းအရပ်ဘက်အဖွဲ့အစည်း ၈ ဖွဲ့က ပြင်ထန်စွာဆန့်ကျင်ရူံချတယ်လို့ ရှမ်းလူအခွင့်အရေး မဏ္ဍိုင်က ဇန်နဝါရီလ ၂၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
စစ်တပ်က အရပ်သားပြည်သူတွေတည်ရှိရာနေရာတွေနဲ့ ကျောက်မဲမြို့ပြည်သူ့ဆေးရုံအပေါ် ဗုံးကြဲချတိုက်ခိုက်ခဲ့ မှုကြောင့် နှစ်ရက်အတွင်း ကျန်းမာရေးဝန်ထမ်းအပါအဝင် အရပ်သား ၅ ဦးသေဆုံးခဲ့တဲ့အတွက် အဆိုပါလေ ကြောင်း တိုက်ခိုက်မှုကို အပြင်းအထန်ရူံချတယ်လို့လည်း ဆိုထားပါတယ်။
ဆက်လက်ပြီး စစ်ကောင်စီက လေကြောင်းနဲ့ အရပ်သားပြည်သူတွေနေထိုင်ရာနေရာတွေကိုပါ တိုက်ခိုက်လာမှု ကြောင့် ပြည်သူတွေ လေကြောင်းအန္တရာယ်လျော့နဲစေဖို့ တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့လည်း လူထုနဲ့ရော နှောနေထိုင်ချင်းတွေမပြုလုပ်ဖို့ကိုလည်း တောင်းဆိုထားပါတယ်။
ပြည်သူလုထုအနေနဲ့လည်း လူစုလူဝေးပြုလုပ်တာ၊လေကြောင်းဖြစ်နေတဲ့နေရာတွေကို သွားလာနေထိုင်တာတွေ ရှောင်ကြဉ်ပေးဖို့နဲ့ လေကြောင်းအန္တရာယ်ကာကွယ်ရေးဆိုင်ရာ လမ်းညွန်ချက်တွေအတိုင်း နေထိုင်သွားလာကြဖို့ လုတယ်လို့လည်း ဆိုထားပါတယ်။
ရှမ်းပြည်နယ်အတွက်းရှိ သက်ဆိုင်နိုင်ငံရေးအဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီတွေနဲ့ ရှမ်းတပ်မတော်တွေအနေနဲ့ လည်း လူထုအသက်အန္တရာယ်လုံခြုံစေရေးအတွက် တက်နိုင်သမျှပါဝင်ကူညီပေးကြဖို့ကိုလည်း ရှမ်း အရပ်ဘက် အဖွဲ့စည်း ၈ဖွဲ့က တောင်းဆိုထားပါတယ်။
Photo -SHRF