၁၁ ဒီဇင်ဘာ၊ ၂၀၂၄
ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူခရိုင်(ညောင်လေးပင်ခရိုင်)၊ ဆောထိမြို့နယ်(ရွှေကျင်မြို့နယ်) တို့အတွင်းက ကျေးရွာတွေကို စစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တဲ့အတွက် အသက် (၁) နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် ဒေသခံပြည်သူလူထု သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ပါတယ်။
စစ်ကောင်စီတပ် ပိန်းဇလုပ်အခြေစိုက် ခလရ ၂၆၄ က ဒီဇင်ဘာလ(၆)ရက်က ဝါးပင်စုကျေးရွာကို လက်နက်ကြီး ၁၂၀မမ (၁)လုံး၊ လိန်ပင်ကျေးရွာကို လက်နက်ကြီး ၁၂၀မမ (၁)လုံး၊ ဒီဇင်ဘာလ(၇)ရက်မှာ အင်းနက်ကျေးရွာကို လက်နက်ကြီး ၁၂၀မမ (၂)လုံးပစ်ခတ်ခဲ့ပါတယ်။
ဒီဇင်ဘာလ(၈)ရက်မှာ နတ်သံကွင်းကျေးရွာမှာ နေရာယူထားတဲ့ စစ်ကောင်စီတပ်တွေဟာ သောင်ပုကျေးရွာကို လက်နက်ကြီး ၁၂၀မမ (၁)လုံး၊ စစ်ကောင်စီတပ်ရင်း ခမရ-၃၀၇ဟာ ခြောက်တဲစု ကျေးရွာကို လက်နက်ကြီး ၁၂၀မမ (၂)လုံး၊ ဒီဇင်ဘာလ (၉)ရက်မှာ နတ်သံကွင်းမှာ စကစတပ်တွေဟာ ကုန်းချောင်းဝကျေးရွာ ဗုဒ္ဓဘာသာဘာသာရေးကျောင်းဝန်းအတွင်းကို လက်နက်ကြီး ၁၂၀မမ (၂)လုံး ပစ်ခတ်ခဲ့ပါတယ်။
အခုလို လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် သောင်ပုကျေးရွာက စောကျော်သူထွန်း (၃၅)နှစ်၊ စောဆဲဂေး (၄၁) နှစ်နဲ့ နော်သွန်းရနာထွန်း (၁)နှစ် စုစုပေါင်း (၃)ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပါတယ်။ ဒါ့အပြင် နေအိမ် (၃)လုံး၊ ပုဇဉ်း(၁)စီး၊ ဆိုင်ကယ်၁စီးတို့ ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်.။
Photo – KNU