Homeပြည်တွင်းသတင်းစစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ရခိုင်မှာ သုံးပတ်အတွင်း ကလေး ၆ ဦး အပါအဝင် အရပ်သား (၂၀) ဦးသေဆုံးခဲ့ရ

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ရခိုင်မှာ သုံးပတ်အတွင်း ကလေး ၆ ဦး အပါအဝင် အရပ်သား (၂၀) ဦးသေဆုံးခဲ့ရ

၂၇ နိုဝင်ဘာ၊၂၀၂၄

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ရုခိင်ပြည်နယ်အတွင်းမှာ နိုဝင်ဘာလ ၁ ရက်နေ့မှ ၂၆ ရက် နေ့အထိ အရပ်သားပြည်သူ (၂၀) ဦးသေဆုံးခဲ့ရပြီးဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက် ရေးအသင်း AAPP က ထုတ်ပြန်တဲ့ စာရင်းတွေအရ သိရပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူထားတဲ့သတင်းအချက်အလက်တွေ အရ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်နေ့မှ ၂၆ ရက်နေ့အထိ ရခိုင်ပြည်နယ်မှာ အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုး သမီး (၉) ဦးနဲ့ အမျိုးသား (၁၁) ဦး စုစုပေါင်း (၂၀) ဦး သေဆုံးခဲ့သည်ကို အမည်နှင့်တကွ အတည်ပြုနိုင် ခဲ့တယ်လို့ ဆိုပါတယ်။

ထိုအရေအတွက်ထဲမှာ အသက် ၁၈ နှစ်အောက် ကလေးငယ် (၆) ဦး ပါဝင်နေပြီး အဆိုပါ (၂၀) ဦးအနက် (၁၉) ဦးမှာ စစ်အုပ်စုရဲ့ လေကြောင်းနဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အများဆုံး သေဆုံးခဲ့ကြပြီး ကျန် (၁) ဦးမှာ သေ နတ်နဲ့ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။

နိုဝင်ဘာလ ၁၉ ရက်၊ နံနက် ၁၀ နာရီခွဲခန့်အချိန်တွင် ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ သင်္ချီကိုင်းကျေးရွာကို အကြမ်းဖက်စစ်အုပ်စုက လေယာဉ်ဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ကျေးရွာအတွင်း ကျရောက်ပေါက် ကွဲခဲ့တာကြောင့် ပြည်သူလေးဦး ဗုံးစထိမှန် သေဆုံးခဲ့ရတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

Photo – AA Info Desk

ဆက်စပ် သတင်းများ

Most read