Homeပြည်တွင်းသတင်းစစ်ကောင်စီရဲ့ ရာဇဝတ်မှုတွေကြောင့် ကရင်နီပြည်နယ်မှာ ၂၀၂၄ ခုနှစ်အတွင်း အမျိုးသမီး ၂၀ ဦးနဲ့ ကလေးငယ် ၁၅ ဦးသေဆုံးခဲ့ရ

စစ်ကောင်စီရဲ့ ရာဇဝတ်မှုတွေကြောင့် ကရင်နီပြည်နယ်မှာ ၂၀၂၄ ခုနှစ်အတွင်း အမျိုးသမီး ၂၀ ဦးနဲ့ ကလေးငယ် ၁၅ ဦးသေဆုံးခဲ့ရ

၂၅ နိုဝင်ဘာ၊၂၀၂၄

ကရင်နီပြည်နယ်အတွင်းမှ စစ်ကောင်စီရဲ့ ရာဇဝတ်မှုတွေကြောင့် ၂၀၂၄ ခုနှစ် ရဲ့ အောက်တိုဘာလအထိ အမျိုး သမီး ၂၀ ဦးနဲ့ ကလေးငယ် ၁၅ ဦးသေဆုံးခဲ့ရပြီးဖြစ်တယ်လို့ ကရင်နီပြည်ကြားကာ လအုပ်ချုပ်ရေး ကောင်စီ (IEC)ရဲ့ အမျိုးသမီးနှင့်ကလေးသူငယ် ရေးရာဌာနက ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။

IEC ကကောက်ယူထားတဲ့ အချက်အလက်တွေအရ စစ်တပ်က အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ်မှ လက်ရှိ ၂၀၂၄ ခုနှစ် အောက်တိုဘာလအတွင်းအထိ စစ်ကောင်စီရဲ့ စစ်ရာဇဝတ်မှုတွေကြောင့် ကရင်နီးပြည်နယ်အတွင်း အရပ် သားပြည်သူ ၂၅၀ကျော် သေဆုံး၊ ၃၀၀ကျော် ဒဏ်ရာရခဲ့ပြီးဖြစ်တယ်လို့လည်း ဆိုပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် ထိတွေ့တိုက်ခိုက်မှုများကြောင့် ယခုနှစ်အောက်တိုဘာအထိ ကရင်နီပြည်နယ်၌ စစ်ဘေးရှောင်စခန်းပေါင်း ၄၀၀ကျော်ရှိပြီး ရွှေ့ပြောင်းနေထိုင်ရသည့်အိမ်ခြေ သုံးသောင်းခွဲ ထက်မနည်းရှိနေပြီး ၅နှစ်အောက်ကလေးငယ် တစ်သောင်းကျော် အပါအဝင် ၁၈ နှစ်အောက် ကလေးသူငယ် သုံးသောင်းကျော်မှာ စစ်ဘေးရှောင်နေရတယ်လို့လည်း ဖော်ပြထားပါတယ်။

“နိုင်ငံတစ်ဝန်းမှာ တိုက်ပွဲတွေကြောင့် လူပေါင်းများစွာ ဒုက္ခရောက်နေကြရတယ် အထူသဖြင့် ကရင်နီပြည် နယ်အတွင်းမှာ စစ်ကောင်စီကနေ့စဉ် လေကြောင်းနဲ့တိုက်ခိုက်နေတာကြောင့် ကလေးငယ်တွေ သေဆုံးနေ ကြရတယ်၊ စိတ်ဒုက္ခတွေ ၊လူမှုရေးဒုက္ခတွေနဲ့ ဒီန့မှာ အခက်အခဲဆုံးအခြေအနေကို ရင်ဆိုင်နေကြရပါတယ်” လို့ ကရင်နီပြည်ကြားကာ လအုပ်ချုပ်ရေး ကောင်စီ (IEC) ဒုတိယဥက္ကဋ္ဌ ခွန်းဘီထူးက ပြောပါတယ်။

သုံးနှစ်ကျော်ကာလ စစ်ရှောင်နေရတဲ့ ကလေး သူငယ်တွေရဲ့ ပညာရေး၊ကျန်းမာရေး၊အစာအာဟာရနဲ့ စိတ်ပိုင်း ဆိုင်ရာ ပြန်လည်ကုစားရေးအတွက် အထူးလိုအပ်နေပြီး အမျိုးသမီးများ၊ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေကို အဓိကသေဆုံးစေတဲ့ လေကြောင်းပစ်ခတ်မှုကို တားဆီးနိုင်ဖို့ အီးယူ အပါအဝင် သက်ဆိုင်ရာ နိုင်ငံတွေအနေနဲ့ လေယာဥ်ဆီတင်ပို့မှုကိုရပ်တန့်ပေးဖို့နဲ့ လေယာဥ်ပျံသန်းမှု ကင်းလွတ် ဇုန်သတ်မှတ်ပေးဖို့ကိုလည်း တောင်းဆိုတယ်လို့ IEC ၏ အမျိုးသမီးနှင့် ကလေးသူငယ် ရေးရာဌာနက တောင်းဆိုထားပါတယ်။

ဆက်လက်ပြီး ရှင်သန်ကျန်ရစ်သူတွေနဲ့ စစ်ပွဲကြောင့်နစ်နာဆုံးရှုံးသွားသူတွေ ဘဝပြန်လည်ထူထောင်ရေးနဲ့ မသန်စွမ်းသူများ၊သက်ကြီးရွယ်အိုများအတွက် လုံခြုံရေးအကာအကွယ်၊လူမှုဖူလုံရေးနဲ့ အခြားသောအရေး ပေါ်အစီအမံတွေအတွက် ဘဏ္ဍာငွေလိုအပ်ချက်ကို ပံ့ပိုးပေးဖို့ကိုလည်း တောင်းဆိုတယ်လို့ ဖော်ပြထားပါတယ်။

Photo -IEC

ဆက်စပ် သတင်းများ

Most read