Homeပြည်တွင်းသတင်းစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ရှမ်းမြောက်မှာတစ်လအတွင်း အရပ်သား ၃၈ ဦးထက် မနည်းသေဆုံးခဲ့

စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ရှမ်းမြောက်မှာတစ်လအတွင်း အရပ်သား ၃၈ ဦးထက် မနည်းသေဆုံးခဲ့

၄ နိုဝင်ဘာ ၊၂၀၂၄

ရှမ်းမြောက်၊အထူးဒေသ(၁)နယ်မြေအတွင်းက စစ်ရေးနယ်မြေမဟုတ်တဲ့ နေရာတွေကို စစ်ကောင်စီ့ လေကြောင်းနဲ့တိုက်ခိုက်ခဲ့မှုကြောင့် တစ်လအတွင်း အရပ်သား ၃၈ ဦးထက်မည်းသေဆုံးခဲ့ပြီး ၁၂၄ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ MNDAA ရဲ့ထုတ်ပြန်မှုအရ သိရပါတယ်။

ဇူလိုင်လမှ အောက်တိုဘာလ ၃၁ ရက်နေ့အထိ တိုက်ပွဲများတွေနရှိပေမယ့် စစ်ကောင်စီတပ်က အထူးဒေသ (၁)ဧရိယာအတွင်းက (လားရှိုးမြို့အပါအဝင်) တစ်ခြားမြို့တွေကို လေကြောင်းဗုံးကြဲတိုက်ခိုက်မှု အနည်းဆုံး ၅၀ ကြိမ်ထက်မနည်း ပြုလုပ်ခဲ့ပြီး လေကြောင်းမှ ဗုံး ၂၀၀ ကျော် ကြဲချခဲ့တယ်လို့ဆိုပါတယ်။

လေကြောင်းတိုက်ခိုက်မှု ခံရတဲ့ ဧရိယာတွေမှာ အထူးဒေသရဲ့ မြို့တော် လောက်ကိုင်မြို့ ၊ သိန္နီခရိုင်နဲ့ အခြား နယ်တွေပါဝင်သလို စစ်ပြေငြိမ်းပြီးနောက် လားရှိုးမြို့ကိုလည်း စစ်ကောင်စီက လေကြောင်းနဲ့ ပိုမိုပစ်မှတ်ထား တိုက်ခိုက်လာတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

လေကြောင်းတိုက်ခိုက်မှု အကြိမ်(၅၀)အတွင်း (၂၅)ကြိမ်ထိမှန်ခဲ့ပြီး အရပ်သားပြည်သူ ၃၈ဦးခက်မနည်း သေဆုံးခဲ့ရကြောင်းနဲ့ ထိုအထဲမှာ အခြားစစ်သုံ့ပန်း ၅ ဦးလည်း လေကြောင်း တိုက်ခိုက်မှုအတွင်း သေဆုံး ခဲ့တယ်လို့ ဆိုပါတယ်။

ဆက်လက်ပြီး ဖျက်ဆီးခံရသည့် အိမ်များ၊ ဟိုတယ်များ၊ စာသင်ကျောင်းများ၊ စက်ရုံများနဲ့ ဘုရားကျောင်း တွေကဲ့သို့သော မရေမတွက်နိုင်တဲ့ အများသူငှာ အဆောက်အအုံတွေဖောက်ခွဲဖျက်ဆီးခံခဲ့ရကြောင်းနဲ့ စစ်ကောင်စီအနေနဲ့ စစ်မြေပြင်မှာ ရှုံးနိမ့်ရသည့်အခါတိုင်း ခွဲခြားမှုမရှိတဲ့ တိုက်ခိုက်မှုတွေနဲ့ လေကြောင်း ကဗုံးကြဲတိုက်ခိုက်မှုတွေနဲ့ လက်တုံ့ပြန်လျှက်ရှိတယ်လို့လည်း MNDAA က ထုတ်ပြန်ထားပါတယ်။

Photo – The KoKang

ဆက်စပ် သတင်းများ

Most read