Homeပြည်တွင်းသတင်းညောင်လေးပင်ခရိုင်အတွင်းရှိ ကျေးရွာ ၂၉ ရွာမှ လူဦးရေ ၁ သောင်းကျော်အတွက် ကျပ်သိန်း ၇,၆၀၀ခန့် KNU ထောက်ပံ့

ညောင်လေးပင်ခရိုင်အတွင်းရှိ ကျေးရွာ ၂၉ ရွာမှ လူဦးရေ ၁ သောင်းကျော်အတွက် ကျပ်သိန်း ၇,၆၀၀ခန့် KNU ထောက်ပံ့

၂၄ အောက်တိုဘာ၊၂၀၂၄

ညောင်လေးပင်ခရိုင်းအတွင်းမှာရှိတဲ့ ကျေးရွာ ၂၉ ရွာမှ ပြဘ်သူ ၁ သောင်းကျော်အတွက် ညောင်လေးပင် ခရိုင် (ခလယ်လွီထူခရိုင်)အတွင်းက KNU ခရိုင်တာဝန်ရှိသူတွေနဲ့ ကရင်ပြည်တွင်းဌာ နေစွန့်ခွာတိမ်းရှောင်သူများ ရေးရာကော်မတီ (CIDKP)တို့ ပူးပေါင်းပြီး ကျပ် သိန်း ၇,၆၀၀ခန့် ထောက်ပံ့ခဲ့တယ်လို့ KNU က အောက်တို ဘာလ ၂၃ ရက်က ထုတ်ပြန်ပါတယ်။

ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ညောင်လေးပင်ခရိုင်(ခလယ်လွီထူခရိုင်) ကျန်းမာ ရေးနှင့်ကယ်ဆယ်ရေးဌာန လက်အောက်ရှိ ကရင်ပြည်တွင်းဌာနေစွန့်ခွာတိမ်းရှောင်သူများ ရေးရာကော်မတီ (CIDKP)မှ ဗဟို၊ခရိုင်တာဝန်ရှိသူတွေနဲ့ပူပေါင်းပြီး ၂၀၂၄ခုနှစ် အောက်တိုဘာ(၁၁)ရက်နေ့က မြို့နယ်(၃)ခုအတွင်း ကျေးရွာပေါင်း (၂၉)ရွာ ရှိ အိမ်ခြေ (၃,၀၉၃)လုံး မှ စုစုပေါင်းလူဦးရေ(၁၆,၁၁၂)ဦးအတွက် မြန်မာငွေ (၇၅၉, ၉၆၄, ၀၀၀) ကျပ် သွားရောက်ကူညီထောက်ပံ့ခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ မြို့နယ်(၃)ခုအတွင်း ပြီးခဲ့သည့်စက်တင်ဘာလမှယနေ့အချိန်ထိ အာဏာသိမ်းအကြမ်းဖက် စစ်ကောင် စီတပ်မှ ကျေးရွာတွေအတွင်းကို လက်နက်ကြီး၊ဒရုန်းတွေနဲ့ ဗုံးကျဲတိုက်ခိုက်ခဲ့တာနဲ့ သဘာဝဘေးအန္တရာယ် တွေရင်ဆိုင်ကြိုတွေ့နေရတာကြောင့်စားဝတ်နေရေးအကျပ်အတည်း အခက်အခဲတွေနဲ့ ရင်ဆိုင်ကြို တွေ့နေရတဲ့အတွက် အခုလို ထောက်ပန့်ခဲ့တာဖြစ်တယ်လို့လည်း ဆိုပါတယ်။။

KNU ညောင်လေးပင်ခရိုင်အတွင်းရှိ ကျောက်ကြီး(လယ်ဒို)၊ ရွှေကျင်(ဆောထိ)၊ မုန်း(မူး)မြို့နယ်တွေအတွင်း စစ်ကောင်စီတပ်က လက်နက်ကြီး၊ လေကြောင်း တိုက်ခိုက်မှုတွေ ပြုလုပ်ခြင်း၊ တိုက်ပွဲတွေဖြစ် ပွားခြင်း တွေကြောင့်လူဦးရေ သိန်းချီ စစ်ဘေးဒုက္ခ ကြုံနေရသကဲ့သို့ ဇူလိုင်လ နဲ့ စက်တင်ဘာ လအတွင်း ရေးကြီးမှု အန္တရာယ်ကို နှစ်ကြိမ်ကြုံခဲ့ရပြီး ဒေသခံတွေရဲ့ လယ်ယာစိုက်ခင်း ထက်ဝက်ကျော် ပျက်စီးခဲ့ရတယ်လို့လည်း ဆိုပါတယ်။

Photo – KNU

ဆက်စပ် သတင်းများ

Most read