Homeပြည်တွင်းသတင်းKNU ဌာနချုပ်ကို စစ်ကောင်စီ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်

KNU ဌာနချုပ်ကို စစ်ကောင်စီ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်

၂၂ အောက်တိုဘာ၊ ၂၀၂၄

ကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချုပ်နယ်မြေ တပ်မဟာ(၇) နယ်မြေထဲမှာရှိတဲ့ KNU ဌာနချုပ် ကို အောက်တိုဘာလ၂၂ ရက်မနက်၁၁နာရီခွဲမှာ စစ်ကောင်စီက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ KNU ကနေ သိရပါတယ်။

ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရတဲ့အချိန်ဟာ KNU ဌာန ချုပ်မှာ KNU ထိပ်ပိုင်းခေါင်းဆောင်တွေ အစည်း အဝေးပြုလုပ်နေချိန်ဖြစ်ပြီး တိုက်ခိုက်ခံရမှုကြောင့် အစည်းအဝေး ဖျက်သိမ်းပြီး လူစုခွဲခဲ့ရတယ်လို့ သိရပါတယ်။

KNU ဌာနချုပ်ဟာ စစ်ကောင်စီရဲ့ ပထမဆုံးအ ကြိမ် ဗုံးကြဲတိုက်ခိုက်ခံခဲ့တာဖြစ်ပြီး တိုက်ခိုက်ခံရမှုကြောင့် ပြည်သူ တဦးဒဏ်ရာ ရခဲ့ပြီး ထမင်းစားဆောင် အနည်း ငယ်ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။

Photo- စစ်ကောင်စီရဲ့ ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တဲ့ ဗုံးအပိုင်းအစတစ်ခု

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး