Homeပြည်တွင်းသတင်းစစ်ကောင်စီက စာသင်ကျောင်းတွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာကြောင့် ကျောင်းသား ၁၃ ဦးနဲ့ ပညာရေး ဝန်ထမ်း ၅ ဦး သေဆုံးခဲ့ရတယ်လို့ IEC...

စစ်ကောင်စီက စာသင်ကျောင်းတွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာကြောင့် ကျောင်းသား ၁၃ ဦးနဲ့ ပညာရေး ဝန်ထမ်း ၅ ဦး သေဆုံးခဲ့ရတယ်လို့ IEC ထုတ်ပြန်

၂ စက်တင်ဘာ၊၂၀၂၄

အာဏာသိမ်းပြီးနောက် ကရင်နီပြည်နယ်အတွင်းမှာရှိတဲ့ စာသင်ကျောင်းတွေကို စစ်ကောင်စီက လေကြောင်းနဲ့ ပစ်မှတ်ထားတိုက်ခဲ့မှုတွေကြောင့် ကျောင်းသား၊ကျောင်းသူ ၁၃ ဦး နဲ့ ပညာရေးဝန်ထမ်း ၅ ဦး ထိခိုက်သေဆုံး ခဲ့ရတယ်လို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ရဲ့ထုတ်ပန်ထားမှုအရ သိရပါတယ်။

လက်နက်ကြီးနဲ့ လေယာဉ်ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် ကျောင်းသူ၊ ကျောင်းသားတွေနဲ့ ပညာရေးဝန်ထမ်းတွေ ထိခိုက်သေဆုံးခဲ့ရသလို အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်ခဲ့တဲ့ ပညာရေးဝန်ထမ်း ခြောက်ဦးကိုလည်း စစ်ကောင်စီက ဖမ်းဆီးထောင်ချထားတယ်လို့ IEC ပညာရေးဌာနရဲ့ တစ်နှစ်ပြည့်အစီရင်ခံ စာမှာ ထည့်သွင်းဖော်ပြထားပါတယ်။

စစ်ကောင်စီ တိုက်ခိုက်မှုတွေကြောင့် စာသင်ကျောင်း ၁၂ ကျောင်း ထိခိုက်ပျက်စီးခဲ့ကြောင်းနဲ့ ထိခိုက် သေဆုံးတာ၊ ပျက်စီးတာတွေနဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေကို ထုတ်ပြန်ချက်မှာ ထည့်သွင်းဖော်ပြထားချင်းမရှိပါဘူး ။

IEC ပညာရေးဌာနရဲ့ လက်အောက်အတွင်း ခြေခံပညာအဆင့်မှာ CDM ဆရာ၊ ဆရာမ တစ်ထောင့်သုံးရာနီးပါး (၁,၂၇၆ ဦး)၊ စေတနာ့ဝန်ထမ်း ဆရာ၊ ဆရာမ သုံးထောင်ကျော် (၃,၀၇၇ ဦး) တာဝန်ထမ်းဆောင်နေပြီး အဆင့်မြင့် နဲ့ သက်မွေးဆိုင်ရာ အဆင့်မှာ ဆရာ၊ ဆရာမ ၈၃ ဦး တာဝန်ထမ်းဆောင်နေကြောင်နဲ့ ကရင်နီပြည်နယ်အတွင်း မြို့နယ်ခြောက်ခုမှာ စာသင်ကျောင်း ၃၆၁ ကျောင်းဖွင့်ထားပြီး ကျောင်းသူ၊ ကျောင်းသား ငါးသောင်းခွဲနီးပါး (၅၄,၉၉၃ ဦး) ကို ပညာသင်ကြားပေးနေတယ်လို့ လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Photo – ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC)

ဆက်စပ် သတင်းများ

Most read