Homeပြည်တွင်းသတင်းသီပေါမြို့မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သုံးရက်အတွင်း ပြည်သူ (၄) ဦးသေဆုံးပြီး (၁၁) ဦးဒဏ်ရာရ

သီပေါမြို့မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သုံးရက်အတွင်း ပြည်သူ (၄) ဦးသေဆုံးပြီး (၁၁) ဦးဒဏ်ရာရ

၂ အောက်တိုဘာ၊၂၀၂၄

သီပေါမြို့မှာ သုံးရက်အတွင်း စစ်ကောင်စီရဲ့ လေကြောင်းသုံး ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ(၄)သေဆုံးပြီး (၁၁)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းနဲ့ တိုက်ပွဲတစ်လအတွင်း တအာင်းဒေသအတွင်းရှိ ပြည်သူ ၂၆ ဦးသေဆုံး၊ ၄၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ TNLA ရဲ့ ထုတ်ပြန်မှုအရ သိရပါတယ်။

သီပေါမြို့ကို လေကြောင်းနဲ့ စစ်ကောင်စီက စက်တင်ဘာလ ၂၈ ရက်နေ့မှ ၃၀ ရက်နေ့အထိ သုံးရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့လည်းဆိုပါတယ်။

စက်တင်ဘာ(၂၈)ရက် နေ့တိုက်ခိုက်ခံရမှုအတွင်း ဇာတ်စုရပ်ကွက်တွင် (၃)ဦး၊ ဇာတ်စုရပ် နယ်မြေ(၃)တွင် (၁)ဦးနဲ့ စျေးရပ်ကွက် ဘောလုံးကွင်းအနီးတွင် (၂)ဦး စုစုပေါင်း(၆)ဦး ထိခိုက်ဒဏ်ရာပြင်းထန်ခဲ့ပြီး ဒေသခံ နေအိမ် နဲ့ စျေးဆိုင်းခန်း (၁၀)ကျော် ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ဆက်လက်ပြီး စက်တင်ဘာလ (၂၉)ရက်နေ့ နေ့လည်(၃း၀၀)နာရီအချိန်တွင်လည်း စစ်ကောင်စီတပ်မှ Y-12 လေယာဥ်နဲ့ သီပေါမြိုတွင်းလိုက်လံဗုံးကြဲချမှုကြောင့် သီပေါဆေးရုံ၊ အကောင်းကြိုက် ထမင်းဆိုင်၊ ဂိုးလက် ဖက်ရည်ဆိုင်၊ ဦးကိုဦးအိမ်အနီး၊ စာသင်ကျောင်းအနီး၊ သီပေါတံတားနဲ့ မိုးလုံလေလုံအနီးတွေမှာ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။

အဆိုဖြစ်စဉ်အတွင်း သီပေါမြို ဓမ္မာရုံရှိ အမျိုးသား(၁)ဦး သေဆုံးခဲ့ရပြီး မြိုဟောင်းသဲကွင်းအနီး အမျိုးသား (၁)ဦး၊ ပရဟိတအသင်းဝင် အမျိုးသား(၁)ဦး၊ ဆေးရုံအနီးရှိ အမျိုးသား(၁)ဦး၊ အမျိုးသမီး (၁)ဦးနဲ့ မီးပွိင့်လမ်းဆုံ ကွမ်းယာဆိုင်အနီး အမျိုးသမီး (၁)ဦး စုစုပေါင်း(၅)ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

အလားတူ သီပေါမြို ခါလိန်ကျေးရွာတွင်လည်း စစ်ကောင်စီတပ် ဗုံးကြဲချမှုကြောင့် အသက်(၇)နှစ်အရွယ် ကလေးငယ်(၁)ဦးအပါအဝင် အမျိုးသား(၁)ဦးနဲ့ အမျိုးသမီး(၁)ဦး မိသားစုဝင်(၃)ဦး ပွဲချင်းပြီး သေဆုံးခဲ့တယ် လို့လည်း ဆိုပါတယ်။

တိုက်ပွဲဖြစ်ပွားခဲ့တဲ့ စက်တင်ဘာလ (၁)လအတွင်း စစ်ကောင်စီသည် အဘက်ဘက်မှစစ်ရှုံးနေမှုကြောင့် အရပ်သားတွေရှိရာကို ဦးတည်ကာ လေကြောင်း၊ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ် လာခဲ့မှုကြောင့် တအာင်းဒေသအတွင်းရှိ ဒေသခံပြည်သူ (၂၆)ဦးသေဆုံးခဲ့ရပြီး (၄၁)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ် (၄၇)လုံး ပျက်စီးခဲ့တယ်လို့လည်း သိရပါတယ်။

ပုံစာ – စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် သီပေါမြို့အတွင်း ပျက်စီးခဲ့သည့် နေအိမ်၊အဆောက်အဦးနဲ့ လူထိခိုက်သေဆုံးခဲ့မှုများ

Photo – PSLF/TNLA

ဆက်စပ် သတင်းများ

Most read