Homeပြည်တွင်းသတင်းမိမိတို့ အမည်ခံပြီး စီးပွာရေးလုပ်ငန်းရှင်တွေအပေါ် ငွေကြေးတောင်ခံနေမှုတွေရှိတာကြောင့်ပြင်းပြင်းထန်ထန် အရေးယူမယ်လို့ MNDAA အသိပေးလာ

မိမိတို့ အမည်ခံပြီး စီးပွာရေးလုပ်ငန်းရှင်တွေအပေါ် ငွေကြေးတောင်ခံနေမှုတွေရှိတာကြောင့်ပြင်းပြင်းထန်ထန် အရေးယူမယ်လို့ MNDAA အသိပေးလာ

၂၄ စက်တင်ဘာ၊၂၀၂၄

MNDAA တပ်ဖွဲ့အမည်ခံပြီး မန္တေလေး၊တောင်ကြီး နဲ့ မူဆယ်မြို့တွေမှာရှိတဲ့ ကျားဖျန့်လုပ်ငန်း ကုမ္ပဏီတွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေဆီက ငွေးကြေးလိမ်လည်တောင်းဆိုနေမှုတွေရှိလာတာကြောင့် အမြန်ဆုံးဖော် ထုတ်အရေး ယူသွားမှာဖြစ်တယ်လို့ MNDAA က စတက်တင်ဘာလ ၂၃ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။

မိမိတို့တပ်ဖွဲ့မှာ မြန်မာနိုင်ငံအမှန်တရားနဲ့တရားမျှတသော အမျိုးသားပါတီ (MNTJP) ပါတီရဲ့ ဦးဆောင်မှု အောက်မှာရှိတဲ့ ပြည်သူ့တပ်မတော်တစ်ရပ်ဖြစ်တာကြောင့် အဆိုပါလုပ်ရပ်မျိုးကို MNDAAအနေနဲ့ ကျူး လွန်မှာမဟုတ်ဘူးလို့လည်း ထုတ်ပြထားပါတယ်။

MNDAAအနေနဲ့ မန္တလေးမြို့အတွင်း အခွန်ကောက်တာ မန္တလေးမြို့ကို ထိုးစစ်ဆင်တိုက်ခိုက်တာမျိုး လုံးဝလုပ် ဆောင်မှာ မဟုတ်ကြောင်းနဲ့ ပြည်သူတွေအနေနဲ့ ငွေညစ်ငွေလိမ်ခြင်းနဲ့ပတ်သက်တဲ့ စာရွက် စာတန်းတွေရရှိလာ ရင် မိမိတို့ရဲ့ အထူးဒေသ (၁) အုပ်ချုပ်ရေးကောမတီထံ အသိပေး အကြောင်းကြားနိုင်တယ်လို့လည်း ဆိုပါတယ်။

လက်ရှိဖြစ်ပေါခဲ့သည့် စီးပွားရေးလုပ်ငန်းရှင်တွေထံမှ မိမိတို့တပ်ဖွဲ့ဝင်အမည်ခံပြီး ရိက္ခာတောင်းခြင်းနဲ့ ငွေကြေး လိမ်လည်တောင်းဆိုတဲ့လုပ်ရပ်တွေဟာ MNDAA ရဲ့ ဂုဏ်သိက္ခာကိုထိခိုက်စေတာကြောင့် အချိန်အကန့် အ သက်မရှိ ပြင်းပြင်းထန်ထန်အရေးယူသွားမယ်လို့လည်း အသိပေးထားပါတယ်။

Photo – The KoKang

ဆက်စပ် သတင်းများ

Most read