Homeပြည်တွင်းသတင်းသီပေါနဲ့ နောင်ချိုမြို့တွေကို စစ်ကောင်စီက လက်နက်ကြီး၊လေကြောင်းဗုံးကြဲမှု နေ့စဉ်ပြုလုပ်လာ

သီပေါနဲ့ နောင်ချိုမြို့တွေကို စစ်ကောင်စီက လက်နက်ကြီး၊လေကြောင်းဗုံးကြဲမှု နေ့စဉ်ပြုလုပ်လာ

၂၀ စက်တင်ဘာလ ၊၂၀၂၄

TNLA ထိမ်းချုပ်ထားတဲ့ သီပေါမြို့နယ်နဲ့ နောင်ချိုမြို့တွေကို စစ်ကောင်စီတပ်က လက်နက်ကြီး၊ လေကြောင်း ကနေ တဆင့် နေ့စဥ်လာရောက်ဗုံးကြဲနေတာကြောင့် ပြည်သူတွေရဲ့ နေအိမ်အဆောက်အဦးတွေနဲ့ လူထိခိုက် သေဆုံး မှုတွေ ဖြစ်ပေါ်နေတယ်လို့ TNLA က စက်တင်ဘာလ ၁၉ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

စက်တင်ဘာလ ၁၉ ရက်နေ့ နေ့လည်(၁၂း၃၀)အချိန်မှ (၀၁း၅၀)အချိန်ထိ သီပေါမြို့နယ်ကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ (၃)ကြိမ်လာရောက်တိုက်ခိုက်ခဲ့ပြီး လူအများအပြားသေကြေပျက်စီးစေနိုင်တဲ့ ပေါင် (၅၀၀)ဗုံးအပါအဝင်ဗုံး(၁၁)လုံး ကြဲချတိုက်ခိုက်ခဲ့တဲ့အပြင် ၎င်းတိုတပ်စခန်းမှတဆင့် လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီလို ဗုံးကြဲတိုက်ခိုက်မှုကြောင့် သီပေါမြိုနယ် ကွန်ကျုံးကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ဒေသခံပြည်သူလူထုတွေရဲ့ နေအိမ်တွေ ထိမှန်ပျက်စီးစေခဲ့တယ်လို့ သိရပါတယ်။

ဆက်လက်ပြီး နောင်ချိုမြိုနယ်ကိုလည်း စက်တင်ဘာလ ၁၉ ရက်နေ့ နံနက်(၃း၀၀)ဝန်းကျင်မှာ စစ်ကောင်စီ တပ်က Y-Y12 လေယာဥ်နဲ့ ဗုံးအလုံး (၆၀)ကျော် လာရောက်ကြဲချတိုက်ခိုက်ခဲ့ပြီး အဆိုပါတိုပါတိုက်ခိုက်မှု ကြောင့် နောင်ချိုမြို ဘူတာရုံ၊ ဓမ္မာရုံအနောက်ဘက်၊ ငှက်ပျော်ခြံနဲ့ မြို့မဈေးအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး နေအိမ်နဲ့ ဆိုင်ခန်းတွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်သည် တအာင်းတပ်မတော် PSLF/TNLA အုပ်ချုပ်နေတဲ့ မြို့တွေဖြစ်တဲ့ ကွတ်ခိုင်၊ နမ့်ဆန်၊ မန်တုံ၊ သီပေါ၊ ကျောက်မဲ၊ နောင်ချိုနဲ့ နမ့်ခမ်းမြို့တွေရှိ ရပ်သားပစ်မှတ်တွေကိုဦးတည်ကာ နေ့စဥ်လာရောက်ဗုံးကြဲတိုက်ခိုက်နေပြီး စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတယ်လို့ TNLA က ဆိုပါတယ်။

ပုံစာ – စစ်ကောင်စီရဲ့ လက်ကြီးလေကြောင်းနဲ့ တိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့သသည့် သီပေါ၊နောင်ချို ဒေသရှိ အရပ်သားနေအိမ်များ ပျက်စီးနေမှု

Photo – PSLF/TNLA

ဆက်စပ် သတင်းများ

Most read