Homeပြည်တွင်းသတင်းရေကြီးရေလျှံမှုတွေ ဆက်ရှိနေနိုင်လို့ ပြည်သူတွေ သတိထားဖို့ KNDF သတိပေး

ရေကြီးရေလျှံမှုတွေ ဆက်ရှိနေနိုင်လို့ ပြည်သူတွေ သတိထားဖို့ KNDF သတိပေး

၁၆ စက်တင်ဘာ ၊ ၂၀၂၄

ကရင်နီ ပြည်နယ်အတွင်းမှာ ရေကြီးရေလျှံမှုတွေ ဆက်ရှိနေနိုင်တာကြောင့် အရပ်သားပြည်သူတွေ အထူးသတိ ထားနေထိုင်ကြဖို့ ကရင်နီအမျိုးသားကာကွယ်ရေးတပ်မတော် (KNDF) က သတိပေး ကြေညာချက် ထုတ်ပြန် ပါတယ်။

စက်တင်ဘာလ ၁၅ ရက်န့ကထုတ်ပြနခဲ့တဲ့ တိုက်ပွဲသတင်းထုတ်ပြန်ချက်အတွင်း အခုလိုရေဘေးအန္တရာယ်ကိုပါ ပြည်သူတွေ သတိထားနေထိုင်ကြဖို့ တိုက်တွန်း သတိပေးထားတာလည်း ဖြစ်ပါတယ်။

ကရင်နီပြည်နယ်အတွင်း ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၀ ရက်နေ့ကစလို့ မိုးသည်းထန်စွာရွာပြီး ရေကြီးမြေပြိုတာ တွေကြောင့် အိုးအိမ်တွေပျက်စီးပြီး ရေဘေးသင့်နေရသလို KNDF တပ်က ဆေးတပ်သား ၁၈ ဦး သေဆုံးခဲ့ရ တာကြောင့် သတိထားကြဖို့ အသိပေးထုတ်ပြန်တယ်လို့လည်း ဆိုပါတယ်။

ဆက်လက်ပြီး ကရင်နီပြည်နယ်အတွင်း ရေဘေးအန္တရာယ် ကြုံတွေ့နေရသလို တိုက်ပွဲတွေလည်း ဆက်ရှိ နေတယ်လို့လည်း KNDF က ဆိုပါတယ်။

လွိုင်လင်လေးမြို့နယ်မှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေ စခန်းချရာ နေရာတွေကို KNDF နဲ့ပူးပေါင်းတပ်ဖွဲ့တွေက စက်တင်ဘာ ၅ ရက်နေ့ကနေ စက်တင်ဘာ ၈ ရက်နေ့အထိ ထိုးစစ်ဆင်နေတာကြောင့် တိုက်ပွဲတွေပြင်းထန်ခဲ့ တာလို့ ဆိုပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်သုံးဆယ်သေဆုံးပြီး သုံးဦးကို KNDF က ဖမ်းဆီးရမိခဲ့သလို လက်နက် ခဲယမ်းတွေလည်း ရရှိထားတယ်လို့ အသိပေးလားပြီး တိုက်ပွဲတွေ ပြင်းထန်ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့က အရပ်သားပြည်သူတွေနေအိမ်ကို ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့သလို လက်နက်ကြီးနဲ့ ပစ်ခတ်နေတယ်လို့လည်း ဆိုပါတယ်။

KNDF နဲ့ စစ်ကောင်စီတပ်တို့အကြား ထိတွေ့တိုက်ပွဲတွေရှိနေသေးတာကြောင့် အရပ်သားပြည်သူတွေအနေနဲ့ လွိုင်ကော်-လွိုင်လွင်လေး-ဆီဆိုင်လမ်းမကြီးတွေကို သတိထားသွားလာကြဖို့ကိုလည်း သတိပေးထားပါတယ်။

ပုံစာ – ကရင်နီပြည်နယ်အတွင်းက စစ်ဘေးရှောင်ပြာ်သူတွေနဲ့ ရေကြီး မြေပြိုနေမှုများ

Photo – KNDF

ဆက်စပ် သတင်းများ

Most read