Homeပြည်တွင်းသတင်းကရင်နီ ဆေးတပ်သား (၁၈)ဦး ရေနှစ်သေဆုံးမှု လိုအပ်တဲ့စုံစမ်းစစ်ဆေးမှုတွေလုပ်သွားမည်

ကရင်နီ ဆေးတပ်သား (၁၈)ဦး ရေနှစ်သေဆုံးမှု လိုအပ်တဲ့စုံစမ်းစစ်ဆေးမှုတွေလုပ်သွားမည်

၁၃ စက်တင်ဘာ၊၂၀၂၄

ကရင်နီအမျိုးသားများကာကွယ်ရေးတပ်မတော်မှ ဆေးတပ်သား (၁၈) ဦး ရေနှစ်သေဆုံးခဲ့မှုအပေါ် လိုအပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်သွားမယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်မတော် KNDF က ဒီကနေ့ မှာထုတ်ပြန်လာပါတယ်။

ကရင်နီအမျိုးသားများကာကွယ်ရေးတပ်မတော် ဆေးဌာနက ကြီးမှူးဖွင့်လှစ်တဲ့ ဆေးသင်တန်းမှ သင်တန်းသား တွေ စက်တင်ဘာလ ၁၁ ရက်နေ့က သင်ခန်းစာ မစ်ရှင်တစ်ခုကိုပြုလုပ်ရာ ချောင်းတစ်ခု ကိုဖြတ်ကျော်ဖို့ ကြိုး စာရင်း သင်တန်းသား ၁၈ ယောက် ရေနစ်သေဆုံးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဒီလိုမတော်တဆမှုဖြစ်စဉ်ကြောင့် ဖြစ်ပေါ်လာခဲ့ပြီး ဆေးတပ်သား (၁၈) ယောက် အသက်ဆုံးရှုံးလိုက်ရတဲ့အပေါ် KNDF အနေနဲ့ သက်ဆိုင်ရာ မိသားစုဝင် တပ်ရင်းတပ်ဖွဲ့များမဲ့အတူ ဝမ်းနည်းကြေကွဲရတယ်လို့လည်း ဆိုပါ တယ်။

ဒီဖြစ်စဉ်အပေါ် ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်မတော် ဗဟိုအနေနဲ့ လိုအပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်သွားမှာဖြစ်ပြီး သက်ဆိုင်ရာ တပ်ရင်းတပ်ဖွဲ့ မိသားစုတွေထံ ထုတ်ပြန်အသိပေးသွားမှာဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။

Photo – KNDF

ဆက်စပ် သတင်းများ

Most read