Homeပြည်တွင်းသတင်းFMI ကုမ္ပဏီရဲ့ အမှုဆောင်ဥက္ကဋ္ဌ ရာထူးကနေ ဦးသိမ်းဝေ အနားယူ

FMI ကုမ္ပဏီရဲ့ အမှုဆောင်ဥက္ကဋ္ဌ ရာထူးကနေ ဦးသိမ်းဝေ အနားယူ

၇ စက်တင်ဘာ၊၂၀၂၄

စစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်းထားတဲ့ ရိုးမလုပ်ငန်းစု ဥက္ကဋ္ဌ ဦးသိမ်းဝေ (ခေါ် ) Serge Pun ဟာ ပထမမြန်မာ ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ FMI ရဲ့ အမှုဆောင်ဥက္ကဋ္ဌ ရာထူးကနေ စက်တင်ဘာ ၅ ရက်နေ့မှာ အနားယူလိုက်တယ်လို့ FMI ကုမ္ပဏီ က သတင်းထုတ်ပြန်ပါတယ်။

ဦးသိမ်းဝေ ဟာ ၂၀၀၄ ခုနှစ် က စတင်ပြီး အမှုဆောင် ဥက္ကဋ္ဌ ရာထူးနဲ့ နှစ်ပေါင်း ၂၀ ကျော်ကြာ FMI ကုမ္ပဏီ အတွက် အလုပ်လုပ်ပေးခဲ့တယ်လို့လည်း FMI ကုမ္ပဏီ ရဲ့ စက်တင်ဘာ ၆ ရက်စွဲနဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

ဆက်လက်ပြီး FMI ကုမ္ပဏီရဲ့ အမှုဆောင်အရာရှိချုပ်နဲ့ အမှုဆောင်ဒါရိုက်တာအဖြစ် ဦးထွန်းထွန်းကို ပြောင်းလဲခန့်အပ်လိုက်တယ်လို့လည်း ကုမ္ပဏီက ထုတ်ပြန်ထားပါတယ်။

ဦးသိမ်းဝေကို ပြီးခဲ့တဲ့ မေလမှာ စစ်ကောင်စီက နေပြည်တော်မှာ ခေါ်ယူစစ်ဆေးနေတယ်လို့ သတင်းတွေ ထွက်ခဲ့ပြီးနောက် စင်ကာပူအခြေစိုက် Yoma Strategic Holdings Ltd. ရဲ့ အမှုဆောင်ဥက္ကဋ္ဌ ရာထူးကနေ ဇူလိုင်လမှာ နုတ်ထွက်ခဲ့တာလည်း ဖြစ်ပါတယ်။

၂၀၂၁ အာဏာမသိမ်းခင် NLD အစိုးရလက်ထက်တုန်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ နီးကပ်တဲ့ ဆက်ဆံရေးရှိ ခဲ့တဲ့ ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်က လွတ်လပ်တဲ့ အမှုဆောင်မဟုတ်သော ဒါရိုက်တာ ရာထူး နဲ့ FMI ကုမ္ပဏီ ဒါရိုက်တာအဖွဲ့ရဲ့ ဒုတိယနေရာမှာ ရှိနေပါတယ်။
ဒါ့အပြင် ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်ဟာ FMI ကုမ္ပဏီ ရဲ့ စာရင်းစစ်နဲ့ ဆုံးရှုံးနိုင်ခြေ စီမံခန့်ခွဲမှု ကော်မတီ နဲ့ အမည်စာရင်းတင်သွင်းရေးကော်မတီတို့မှာလည်း ဥက္ကဋ္ဌ ရာထူးနဲ့ တာဝန်ထမ်းဆောင် နေတယ် ဆိုတာကို FMI ကုမ္ပဏီ ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

Photo – Shutterstock

ဆက်စပ် သတင်းများ

Most read