Homeပြည်တွင်းသတင်းသီပေါမြိုတွင် စစ်ကောင်စီလေကြောင်းက ဗုံးအလုံး(၅၀)ကျော် လာရောက်ကြဲချ တိုက်ခိုက်တာကြောင့် ဒေသခံပြည်သူ(၂)ဦးသေဆုံးပြီး (၂)ဦး ဒဏ်ရာရ

သီပေါမြိုတွင် စစ်ကောင်စီလေကြောင်းက ဗုံးအလုံး(၅၀)ကျော် လာရောက်ကြဲချ တိုက်ခိုက်တာကြောင့် ဒေသခံပြည်သူ(၂)ဦးသေဆုံးပြီး (၂)ဦး ဒဏ်ရာရ

၂၇ ဩဂုတ်၊ ၂၀၂၄

ရှမ်းပြည်နယ်၊ သီပေါမြို့ကို သြဂုတ်လ (၂၇)ရက် မနက် ၁ နာရီဝန်းကျင်မှာ စစ်ကောင်စီ လေတပ်က လေကြောင်းနဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်တဲ့အတွက် ဒေသခံအမျိုးသား(၂)ဦး သေဆုံးပြီး (၂)ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့တယ်လို့ PSLF/TNLA က ထုတ်ပြန်ကြေညာပါတယ်။

ဒီနေ့ သြဂုတ်လ (၂၇)ရက်၊ နံနက် (၁း၂၀)က (၂း၀၀)နာရီကျော်အထိ ပြည်သူတွေ အိပ်မောကျချိန်မှာ စစ်ကောင်စီဘက်က Y-12 လေယာဥ်နဲ့ ဗုံးအလုံး(၅၀)ကျော် လာရောက်ကြဲချ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ဂျက်ဖိုက်တာနဲ့ (၂)ကြိမ် လာရောက်ပြီး ဗုံး(၄)လုံး ကြဲချ တိုက်ခိုက်ခဲ့ပါတယ်။

အခုလို ဗုံးကြဲတိုက်ခိုက်တာကြောင့် သီပေါမြို့ အုတ်ကျင်းရပ်ကွက်က အသက် (၆၀)အရွယ် ဦးဖိုးလူနဲ့ အသက်(၅၀)အရွယ် ဦးအောင်နိုင်တို့ (၂)ဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီး (၂)ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် အုတ်ကျင်းရပ်ကွက်က အ.မ.က(၃) စာသင်ကျောင်းနဲ့ အမှတ်(၃) အ.ထ.က စာသင်ကျောင်း ပျက်စီးခဲ့ပြီး ပန်းတိမ်တောင်(မြောက်) ရပ်ကွက်အတွင်းမှာလည်း ဗုံးများကျရောက်ပေါက်ကွဲတဲ့အတွက် လူနေအိမ်နဲ့ စာသင်ကျောင်းတွေ ပျက်စီးခဲ့တယ်လို့ TNLA က ဖော်ပြပါတယ်။

ဩဂုတ်လ (၁)ရက်က သြဂုတ်လ (၂၇)ရက်မနက်ပိုင်းထိ သီပေါမြို့ကို စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် အရပ်သား (၂၁)ဦး သေဆုံးခဲ့ပြီး ကလေးငယ်(၁၀)ဦး အပါအဝင် (၅၉)ဦးနီးပါး ဒဏ်ရာရခဲ့တယ်လို့ TNLA က ထုတ်ပြန်ကြေညာပါတယ်။

ပုံစာ- (ဩဂုတ်လ ၂၇ရက် မနက် ၁ နာရီဝန်းကျင်မှာ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ပျက်စီးသွား တဲ့ သီပေါမြို့ )

Photo – PSLF/TNLA

ဆက်စပ် သတင်းများ

Most read