Homeနိုင်ငံတကာသတင်းသတင်းထောက်ကို ရိုက်ပုတ်ခဲ့တဲ့ ထိုင်းဒုဝန်ကြီးချုပ်ဟောင်းပရာဝစ်ကို ကျင့်ဝတ်နဲ့ပတ်သတ်ပြီး စစ်ဆေးဖို့ ထိုင်းမီဒီယာအဖွဲ့အစည်းတွေ တောင်းဆို

သတင်းထောက်ကို ရိုက်ပုတ်ခဲ့တဲ့ ထိုင်းဒုဝန်ကြီးချုပ်ဟောင်းပရာဝစ်ကို ကျင့်ဝတ်နဲ့ပတ်သတ်ပြီး စစ်ဆေးဖို့ ထိုင်းမီဒီယာအဖွဲ့အစည်းတွေ တောင်းဆို

၂၂ ဩဂုတ်၊ ၂၀၂၄

သတင်းထောက်အမျိုးသမီးကို ရိုက်ပုတ်ခဲ့တဲ့ ထိုင်းဒုဝန်ကြီးချုပ် ပရာဝတ်ကို ကျင့်ဝတ်နဲ့ပတ်သတ်ပြီး စုံစမ်းစစ်ဆေးဖို့ ထိုင်းမီဒီယာအဖွဲ့အစည်းနှစ်ခုဖြစ်တဲ့ The News Broadcasting Council of Thailand နဲ့ Thai Broadcast Journalists Association တို့က ဩဂုတ် ၂၁ ရက်မှာ တောင်းဆိုလိုက်တယ်လို့ ထိုင်းမီဒီယာတွေက ရေးသားဖော်ပြပါတယ်။

ဩဂုတ်လ ၁၆ရက်က Pheu Thai ပါတီခေါင်းဆောင်ပေတောင်တန်ရှင်နာဝပ်ထရာ ဝန်ကြီးချုပ်အဖြစ် အောက်လွှတ်တော်က ရွေးချယ်တင်မြှောက်လိုက်တာနဲ့ပတ်သတ်ပြီး မေးမြန်းတဲ့အခါ ဒုဝန်ကြီးချုုပ်ဟောင်း ပရာဝစ်က သတင်းထောက်တစ်ယောက်ရဲ့ခေါင်းကို ညာလက်နဲ့ ရိုက်ပုတ်ခဲ့ပါတယ်။ ဒုဝန်ကြီးချုပ်ဟောင်း ပရာဝစ်ဟာ စစ်ဗိုလ်ချုပ်ဟောင်းတစ်ဦး ဖြစ်ပါတယ်။

NBCT ဥက္ကဋ္ဌ ဆူပန်ရက်ချုအာ က ရုပ်သံဖိုင်မှာ PPP ပါတီခေါင်းဆောင် ဒေါသထွက် ရိုက်ပုတ်တာကို မြင်နိုင်တယ်လို့ ဆိုပါတယ်။ “ဒီနိုင်ငံရေးသမားရဲ့ ဒီလိုအပြုအမူမျိုးက ပထမဆုံးအကြိမ်မဟုတ်ပါဘူး ၊ မီဒီယာတွေ တာဝန်ထမ်းဆောင်နေတဲ့အခါ ကာကွယ်ပေးရမဲ့ လိုက်နာရမဲ့ ကျင့်ဝတ်ကို ကျွန်တော်တို့တောင်းဆိုနေတာပါ။ ပြီးတော့ နိုင်ငံရေးသမားတွေအနေနဲ့ မဖြေချင်တဲ့မေးခွန်းတွေဆို “No Comment” လို့ ကျေးဇူးပြုပြီး ဖြေပေးပါ” လို့ ဆူပန်က ပြောပါတယ်။

တိုင်ကြားစာကို လွှတ်တော်အမတ်များအတွက် ကျင့်ထုံးဥပဒေ အပိုဒ် ၁၂ နဲ့ ၁၃ ကို ကိုးကား ထားပါတယ်။ အပိုဒ် ၁၂ မှာ လွှတ်တော်ကိုယ်စားလှယ်များနှင့် ကော်မတီဝင်များသည် အခြားသူများ၏ ရပိုင်ခွင့်များနှင့် လွတ်လပ်ခွင့်များကို လေးစားလိုက်နာရမည်ဖြစ်ပြီး အခြားသူများကို စော်ကားပြောဆိုခြင်းမျိုး မပြုလုပ်ရ လို့ ပြဋ္ဌာန်းထားပါတယ်။ အပိုဒ် ၁၃ မှာ လွှတ်တော်အမတ်များနှင့် ပြည်သူ့လွှတ်တော် ကော်မတီဝင်များသည် အစည်းအဝေးများ၊ လွှတ်တော်နှင့် အခြားနေရာများတွင် အခြားလူများကို ခြိမ်းခြောက်ခြင်း သို့မဟုတ် စော်ကားခြင်းမပြုရလို့ ပြဌာန်းထားပါတယ်။

ဗိုလ်ချုပ်ကြီး ပရာဝစ်ရဲ့ Palang Pracharath Party ဟာ လွှတ်တော်အမတ် ၄၀ နဲ့ တတိယအကြီးဆုံး ညွန့်ပေါင်းပါတီဖြစ်ပါတယ်။

ပုံစာ – PPP ပါတီခေါင်းဆောင် ဒုဝန်ကြီးချုပ်ဟောင်း ဗိုလ်ချုပ်ပရာဝစ်၊ သတင်းထောက်ကို ရိုက်ပုတ်ခဲ့တဲ့ ရုပ်သံမှတ်တမ်း / ပုံ- ဘန်ကောက်ပို့စ်

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး