Homeပြည်တွင်းသတင်းတစ်နိုင်ငံလုံးတိုက်ပွဲတွေ ပြင်းထန်နေချိန်မှာ စစ်ကောင်စီက စစ်မှုထမ်း အပတ်စဉ် (၄) ခေါ်ယူ

တစ်နိုင်ငံလုံးတိုက်ပွဲတွေ ပြင်းထန်နေချိန်မှာ စစ်ကောင်စီက စစ်မှုထမ်း အပတ်စဉ် (၄) ခေါ်ယူ

၁ ဩဂုတ်၊ ၂၀၂၄

တစ်နိုင်ငံလုံးနီးပါး တိုက်ပွဲ‌တွေ ပြင်းထန်နေချိန်မှာ စစ်ကောင်စီက စစ်မှုထမ်း အပတ်စဉ် (၄) ကို ခေါ်ယူပြီး သင် တန်းပေးဖို့ ပြင်ဆင်နေတယ်လို့ ဇူလိုင်လ ၃၁ ရက်မှာ စစ်ကောင်စီရဲ့ မီဒီယာတွေမှာ ရေးသားဖော်ပြပါတယ်။

စစ်မှုထမ်း အပတ်စဉ် ၄ အတွက် သင်တန်းသားအသစ်တွေကို ရန်ကုန်၊ မန္တလေးနဲ့ မွန်ပြည်နယ်တို့မှာ သင်တန်း ပေးသွားမယ်လို့ ရေးထားပါတယ်။

စစ်မှုထမ်းအပတ်စဉ် ၄ အတွက် ဇွန်လထဲက ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွေကတဆင့် လူ စုဆောင်းပြီး နာမည် စာရင်းကောက်ခံထားတာဖြစ်ပါတယ်။

ရခိုင်ပြည်နယ် ၊ ရှမ်းပြည်နယ်မြောက်ပိုင်း နဲ့ ကရင်ပြည်နယ်တို့မှာ စစ်အင်အားလျော့နည်းလာတဲ့အတွက် စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေကို အကောင်အထည်ဖော်ပြီးနောက် အဓမ္မ လူသစ်စုဆောင်းတာတွေ လုပ်ခဲ့ပါတယ်။

အပတ်စဉ် ၁ က စစ်သင်တန်းသားအသစ်တွေကို သံတွဲ ၊ မောင်တော ၊ မိုးကုတ် ၊ လားရှိုးဘက်တွေကို စစ်မှုထမ်းဖို့ ပို့ခဲ့ပြီး စစ်မှုထမ်း အပတ်စဉ် ၁ က တပ်သားသစ် တစ်ရာဝန်းကျင်မှာ အိမ်နဲ့အဆက် အသွယ် ပြတ်နေကြတယ်လို့ သတင်းထွက်ပေါ်နေပါတယ်။

စစ်မှုထမ်းအပတ်စဉ် တစ်ခုမှာ လူ ၅၀၀၀ ခေါ်ယူမယ်လို့ သိရပြီး အပတ်စဉ် ၅ ကစပြီး အမျိုးသမီးတွေကို ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ စစ်ကောင်စီဘက်က တရားဝင် ထုတ်ပြန်ထားပါတယ်။

ဗမာ့ရေးရာနဲ့ ပဋိပက္ခ လေ့လာစောင့်ကြည့်ရေးအဖွဲ့ (BACS) ရဲ့ အစီရင်ခံစာမှာ စစ်မှုထမ်းအပတ်စဉ် ၁ နဲ့ ၂ အတွက် နိုင်ငံတစ်ဝန်းက လူငယ် ကိုးထောင်နီးပါး စုဆောင်းခံခဲ့ရတယ်လို့ ဖော်ပြပါတယ်။

ရပ်ကွက်အလိုက် စာရင်းကောက်ခံတဲ့အပြင် လမ်းခရီးမှာ အဖမ်းခံရတဲ့သူတွေ၊ ပုဒ်မအမျိုးမျိုးတပ်ပြီး အဖမ်းခံရသူတွေနဲ့ လူစားထိုးစနစ်နဲ့ခေါ်ယူခံရသူတွေအပြင် ဒုကသည်စခန်းတွေက မွတ်စလင်လူမျိုးတွေ ကိုလည်း နိုင်ငံသားကဒ်ပေးမယ်ဆိုတဲ့ မက်လုံးနဲ့ စစ်မှုထမ်းဖို့ စုဆောင်းခံနေရပါတယ်။

ဆက်စပ် သတင်းများ

Most read