Homeပြည်တွင်းသတင်းစံပြဈေးအနီး ပြည်ထောင်စုဂုံးတံတားပေါ်မှာ YBS ယာဉ်တစီး မီးလောင်

စံပြဈေးအနီး ပြည်ထောင်စုဂုံးတံတားပေါ်မှာ YBS ယာဉ်တစီး မီးလောင်

၃၀ ဇူလိုင် ၂၀၂၆ | New Day Myanmar

ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ စံပြဈေးအနီး ပြည်ထောင်စုဂုံးတံတားပေါ်မှာ ဒီနေ့ ဇူလိုင် ၃၀ ရက် မနက်ပိုင်းက YBS ယာဉ်တစီး မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။

မနက် ၆ နာရီ ၄၈ မိနစ်မှာ မီးလောင်ကြောင်း သတင်းရရှိခဲ့ပြီးနောက် သင်္ဃန်းကျွန်းမြို့နယ် မီးသတ်စခန်းက မီးငြှိမ်းသတ်ယာဉ်နှစ်စီးနဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေ သွားရောက်ငြှိမ်းသတ်ခဲ့ရာ မနက် ၆ နာရီ ၅၇ မိနစ်မှာ မီးငြိမ်းသွားခဲ့ပါတယ်။

မီးလောင်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူ ရှိ၊ မရှိနဲ့ YBS ယာဉ်အမှတ်၊ မီးလောင်ရတဲ့အကြောင်းရင်းနဲ့ ဆုံးရှုံးမှုတန်ဖိုးတွေကို မသိရသေးပါဘူး။

Related News

Most Read