ဇူလိုင် ၃၀ | New Day Myanmar
ဧရာဝတီတိုင်းမှာ ဒီနေ့ ဒေသအလိုက် မိုးကြီးနိုင်ပြီး နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပဲခူးနဲ့ တနင်္သာရီတိုင်း၊ ကချင်၊ ကရင်၊ ချင်း၊ မွန်နဲ့ ရခိုင်ပြည်နယ်တို့မှာလည်း နေရာကွက်ပြီး မိုးကြီးနိုင်ကြောင်း မိုး/ဇလဌာနက ထုတ်ပြန်ထားပါတယ်။
ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်မှာ မုတ်သုံလေ အားကောင်းနေပြီး မကွေးနဲ့ စစ်ကိုင်းအောက်ပိုင်းကလွဲလို့ နိုင်ငံတဝန်း နေရာအများစုမှာ မိုးထစ်ချုန်းရွာနိုင်ပါတယ်။
ရန်ကုန်၊ ပဲခူး၊ စစ်ကိုင်းအထက်ပိုင်း၊ ဧရာဝတီနဲ့ တနင်္သာရီတိုင်း၊ ကချင်၊ ကယား၊ ကရင်၊ မွန်နဲ့ ရှမ်းပြည်နယ်တို့မှာ မိုးတိမ်တောင်တွေ ဖြစ်ထွန်းနေပါတယ်။ မိုးတိမ်တောင်ရွေ့လျားရာတလျှောက် မိုးသက်လေပြင်းတိုက်တာ၊ မိုးကြိုးပစ်တာနဲ့ မိုးသီးကြွေတာတွေ ဖြစ်လာနိုင်ပါတယ်။
မြစ်ဝကျွန်းပေါ်နဲ့ ရခိုင်ကမ်းရိုးတန်းမှာ လှိုင်းအမြင့် ၁၀ ပေကနေ ၁၂ ပေအထိ ရှိနိုင်ပြီး မိုးသက်လေပြင်းကျချိန် လေတိုက်နှုန်း တစ်နာရီ ၃၅ မိုင်အထိ ရှိနိုင်ပါတယ်။ မုတ္တမကွေ့နဲ့ မွန်–တနင်္သာရီကမ်းရိုးတန်းမှာတော့ လှိုင်းအမြင့် ၈ ပေကနေ ၁၀ ပေအထိ ရှိနိုင်ပါတယ်။
လာမယ့်နှစ်ရက်အတွင်း ရန်ကုန်၊ ပဲခူး၊ ဧရာဝတီနဲ့ တနင်္သာရီတိုင်း၊ ကချင်၊ ကရင်၊ မွန်၊ ရခိုင်နဲ့ ရှမ်းပြည်နယ်တို့မှာ မိုးပိုလာနိုင်ပါတယ်။
မိုး/ဇလဌာနက ဩဂုတ် ၃ ရက်အထိ ဒေသအများအပြားမှာ မိုးကြီးနိုင်ကြောင်း သတိပေးထားပြီး မြေနိမ့်ပိုင်း၊ မြစ်ချောင်းအနီးနဲ့ တောင်စောင်းဒေသတွေမှာ ရုတ်တရက်ရေကြီးတာနဲ့ မြေပြိုတာတွေကို သတိထားဖို့ လိုအပ်ပါတယ်။


