Homeပြည်တွင်းသတင်းစစ်ကောင်စီက မိုးကုတ်မြို့အရှေ့ပိုင်းလူနေရပ်ကွက်တွေကို လက်နက်ကြီးများပစ်ခတ်တိုက်ခိုက်နေ

စစ်ကောင်စီက မိုးကုတ်မြို့အရှေ့ပိုင်းလူနေရပ်ကွက်တွေကို လက်နက်ကြီးများပစ်ခတ်တိုက်ခိုက်နေ

၁၇ ဇူလိုင်၊ ၂၀၂၄

စစ်ကောင်စီက မိုးကုတ်မြို့အရှေ့ပိုင်းလူနေရပ်ကွက်တွေကို ပစ်မှတ်ထားပြီး လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

မနေ့(ဇူလိုင်လ ၁၆ ရက်)ညပိုင်းကစတင်ကာ လက်နက်ကြီးနဲ့ဆက်တိုက်ပစ်ခတ်နေခဲ့တာကြောင့် အမျိုးသမီးတစ်ဦးနဲ့ ကလေးငယ်တစ်ဦး သေဆုံးခဲ့ပြီး ၅ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

ယနေ့ (ဇူလိုင်လ ၁၇ ရက်)၊မနက် ၂ နာရီခန့်ကစတင်ကာ စစ်ကောင်စီတပ်တွေဟာ လူနေရပ်ကွက်တွေထဲကို လက်နက်ငယ်တွေနဲ့ပစ်ခတ်ခဲ့ကာ မနက် ၁၀ နာရီ ဝန်းကျင်မှာတော့ တိုက်ပွဲပိုပြင်းထန်ပြီး လက်နက်ကြီးတွေနဲ့ပါ ပစ်ခတ်နေတယ်လို့ သိရပါတယ်။

” စားစရာမရှိတော့လို့ ဆန်လှူမယ်ဆိုတဲ့နေရာကို သန်းခေါင်ကျော်ကတည်းက လမ်းလျှောက်လာရတာတာကို လမ်းမှာပစ်တယ်။ အထိအခိုက်ကတော့ ဘယ်သူမှထွက်မကြည့်ရဲလို့ အတိအကျမသိနိုင်ဘူး။” လို့ မိုးကုတ်မြို့ခံတစ်ဦးက New Day Myanmar ကို ပြောပါတယ်။

လက်ရှိမှာ မိုးကုတ်မြို့အရှေ့ပိုင်းရှိ ရေပူ ၊ ချမ်းမြေ့သာယာ ၊ စည်ပင်သာယာ ၊ မင်းတံတား ၊ ညောင်လေးပင် ၊ ဗမွန်သုဿာန်စတဲ့ဘက်တွေကို လက်နက်ကြီးကျည်တွေ ကျရောက်ပြီး လူနေအိမ်တွေ ပျက်စီးကာ မီးလောင်တဲ့အိမ်တွေလည်း ရှိနေတယ်လို့ သိရပါတယ်။

ဓာတ်ပုံ- Lwin Ko(Facebook)

ဆက်စပ် သတင်းများ

Most read