Homeအထူးသတင်းယူဂန္ဓာမှာ ကျောင်းလေ့လာရေးခရီးက ပြန်လာတဲ့ ဘတ်စ်ကားတိမ်းမှောက်ပြီး ကလေး ၂၀ အပါအဝင် ၂၁ ဦး သေဆုံး

ယူဂန္ဓာမှာ ကျောင်းလေ့လာရေးခရီးက ပြန်လာတဲ့ ဘတ်စ်ကားတိမ်းမှောက်ပြီး ကလေး ၂၀ အပါအဝင် ၂၁ ဦး သေဆုံး

၁၇ ဇူလိုင် ၂၀၂၆ | New Day Myanmar

ယူဂန္ဓာနိုင်ငံအရှေ့ပိုင်းမှာ မူလတန်းကျောင်းသားတွေ လိုက်ပါလာတဲ့ ဘတ်စ်ကားတစီး လမ်းချော်တိမ်းမှောက်ခဲ့တာကြောင့် ကလေးအနည်းဆုံး ၂၀ နဲ့ အရွယ်ရောက်သူတဦး သေဆုံးခဲ့ပါတယ်။

ဘတ်စ်ကားဟာ မြို့တော် ကမ်ပါလာက King David Junior School ကျောင်းသားတွေကို တင်ဆောင်ပြီး Sipi Falls ရေတံခွန်ဆီ လေ့လာရေးခရီးထွက်ရာကနေ ပြန်လာချိန် ဇူလိုင် ၁၆ ရက် ညပိုင်းမှာ Kapchorwa ခရိုင်အတွင်း မတော်တဆမှုဖြစ်ခဲ့တာပါ။

ကနဦးစုံစမ်းချက်အရ ယာဉ်မောင်းက ဘတ်စ်ကားကို မထိန်းနိုင်တော့ဘဲ လမ်းဘေးက ကျောက်တုံးတခုကို ဝင်တိုက်ပြီး တိမ်းမှောက်သွားတာဖြစ်ပါတယ်။ မတော်တဆမှုကြောင့် ကလေး ၉ ဦး အခြေအနေစိုးရိမ်ရပြီး အနည်းဆုံး ၁၉ ဦး ထပ်မံဒဏ်ရာရခဲ့ပါတယ်။

သေဆုံးသွားတဲ့ အရွယ်ရောက်သူဟာ ကျောင်းတည်ထောင်သူနဲ့ ကျောင်းအုပ်ဖြစ်တယ်လို့ ယူဆထားပါတယ်။ အာဏာပိုင်တွေက ယာဉ်တိမ်းမှောက်ရတဲ့အကြောင်းရင်းကို ဆက်လက်စုံစမ်းနေပါတယ်။

Related News

Most Read