၁၇ ဇူလိုင် ၂၀၂၆ | New Day Myanmar
ကရင်ပြည်နယ် မင်းလက်ပံဒေသမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွင်း BGF (ကရင်နယ်ခြားစောင့်တပ်) အဖွဲ့ဝင် ဗိုလ်ကြီး စောမျိုးလွင် သေဆုံးခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေက ပြောဆိုနေကြပါတယ်။
ဒေသတွင်း သတင်းရင်းမြစ်တွေရဲ့ အဆိုအရ စောမျိုးလွင်ဟာ မင်းလက်ပံဒေသ စစ်ဆင်ရေးမှာ အဓိကတာဝန်ယူ ဆောင်ရွက်နေသူတဦးဖြစ်ပြီး KNLA/PDF Special Sniper Force ရဲ့ ပစ်ခတ်မှုကြောင့် နဖူးကို ကျည်ထိမှန်ကာ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
ဒါပေမယ့် မြဝတီအခြေစိုက် မီဒီယာတချို့မှာတော့ စောမျိုးလွင်ဟာ ကင်ဆာရောဂါကြောင့် ကွယ်လွန်ခဲ့တယ်လို့ ဖော်ပြထားပြီး သေဆုံးရတဲ့ အကြောင်းရင်းနဲ့ပတ်သက်ပြီး သတင်းတွေ ကွဲလွဲနေပါတယ်။
New Day Myanmar အနေနဲ့လည်း စောမျိုးလွင်ရဲ့ သေဆုံးရတဲ့ အကြောင်းရင်းကို သီးခြားလွတ်လပ်စွာ အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
လက်ရှိအချိန်အထိ BGF၊ KNLA နဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေက စောမျိုးလွင်ရဲ့ သေဆုံးမှုနဲ့ပတ်သက်ပြီး တရားဝင်ထုတ်ပြန်ချက် ထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။


