Homeပြည်တွင်းသတင်းရန်ကုန်–မန္တလေးအမြန်လမ်းမှာ Express ယာဉ်နှစ်စီးတိုက်မိ၊ ၃ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရ

ရန်ကုန်–မန္တလေးအမြန်လမ်းမှာ Express ယာဉ်နှစ်စီးတိုက်မိ၊ ၃ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရ

၂၂ ဇွန် ၂၀၂၆ | New Day Myanmar

ရန်ကုန်–မန္တလေးအမြန်လမ်းမကြီးမှာ ဒီကနေ့ ဇွန်လ ၂၂ ရက် မနက်အစောပိုင်းက Express ခရီးသည်တင်ယာဉ်နှစ်စီး တိုက်မိခဲ့တာကြောင့် အမျိုးသား ၃ ဦး သေဆုံးပြီး ကိုရင်တစ်ပါးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

ယာဉ်တိုက်မှုဟာ မနက် ၃ နာရီဝန်းကျင်မှာ ရန်ကုန်–မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ် ၁၁၇ မိုင်နဲ့ ၇ ဖာလုံအနီးမှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

ရတနာဖြိုး Express ယာဉ်ကို နောက်ကနေ မောင်းနှင်လာတဲ့ ရွှေမန္တလာ Express ယာဉ်က ဝင်တိုက်ခဲ့တာလို့ မီးသတ်တပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

သတင်းရရှိပြီးနောက် ၁၁၅ မိုင် အမြန်လမ်းမီးသတ်စခန်းက မီးသတ်ယာဉ်တစ်စီးနဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေက ဖြစ်စဉ်နေရာကို သွားရောက်ပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ခဲ့ကြပါတယ်။

ယာဉ်တိုက်မှုကြောင့် အမျိုးသား ၃ ဦး သေဆုံးခဲ့ပြီး နောက်ထပ်အမျိုးသား ၃ ဦးနဲ့ ကိုရင်တစ်ပါး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

သေဆုံးသူတွေရဲ့ ရုပ်အလောင်းနဲ့ ဒဏ်ရာရရှိသူတွေကို ကြက်ခြေနီအသင်းနဲ့ မြို့မလူမှုကူညီရေးအသင်းတို့က လူနာတင်ယာဉ်တွေနဲ့ ဖြူးမြို့နယ်ပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့ပါတယ်။

ယာဉ်မောင်းသူတွေရဲ့ အခြေအနေ၊ ယာဉ်ပေါ်မှာ လိုက်ပါလာသူအရေအတွက်နဲ့ ယာဉ်တိုက်မှုဖြစ်ပွားရတဲ့ အကြောင်းရင်းအသေးစိတ်ကိုတော့ မီးသတ်တပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားခြင်း မရှိသေးပါဘူး။

ဆက်စပ် သတင်းများ

Most Read