Homeပြည်တွင်းသတင်းမြန်မာ-ထိုင်း ရေတပ်တွေ နယ်စပ်ရေပြင် ပူးပေါင်းကင်းလှည့်ရေး ဆွေးနွေးခဲ့

မြန်မာ-ထိုင်း ရေတပ်တွေ နယ်စပ်ရေပြင် ပူးပေါင်းကင်းလှည့်ရေး ဆွေးနွေးခဲ့

၁၃ ဇွန် ၂၀၂၆ | New Day Myanmar

၁၀ ကြိမ်မြောက် မြန်မာ-ထိုင်း ရေတပ်ချင်းဆိုင်ရာ ဆွေးနွေးပွဲမှာ နှစ်နိုင်ငံရေတပ်ဆိုင်ရာ ကိစ္စရပ်တွေ၊ နယ်စပ်ရေပြင်တစ်လျှောက် ပူးပေါင်းကင်းလှည့်ရေးနဲ့ ရေတပ်သင်္ဘောအချင်းချင်း အပြန်အလှန်လည်ပတ်ရေးကိစ္စတွေကို ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

ထိုင်းတော်ဝင်ရေတပ် စစ်ဆင်ရေးဌာန လက်အောက်ရှိ မူဝါဒနဲ့ စီမံကိန်းရေးဆွဲရေးရုံး ညွှန်ကြားရေးမှူး Rear-Admiral Chaksawat Saiwong ဦးဆောင်တဲ့ ထိုင်းတော်ဝင်ရေတပ် ကိုယ်စားလှယ်အဖွဲ့ဟာ အဲဒီဆွေးနွေးပွဲတက်ရောက်ဖို့ ဇွန်လ ၉ ရက် မနက်ပိုင်းက လေကြောင်းခရီးနဲ့ ရန်ကုန်မြို့ကို ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။

ကိုယ်စားလှယ်အဖွဲ့ဟာ ဇွန်လ ၁၀ ရက် မနက်ပိုင်းမှာ ဧရာဝတီရေတပ်စခန်းဌာနချုပ်မှာ မြန်မာရေတပ် တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပြီး ပူးတွဲလေ့ကျင့်ရေးအစီအစဉ်တွေ၊ သတင်းအချက်အလက်ဖလှယ်ရေးနဲ့ နယ်စပ်ရေပြင်တစ်လျှောက် ပူးပေါင်းဆောင်ရွက်ရေးကိစ္စတွေကို ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး