Homeပြည်တွင်းသတင်းရိုးမဘဏ်ဥက္ကဋ္ဌ ဦးသိမ်းဝေ၊ CEO ဦးဘမောင်စိန် အပါအဝင် ဘဏ်ဒါရိုက်တာ ၉ ဦးကို ငွေကြေးခဝါချမှုနဲ့ စစ်ကောင်စီက စစ်ဆေးနေကြောင်း သတင်းများ...

ရိုးမဘဏ်ဥက္ကဋ္ဌ ဦးသိမ်းဝေ၊ CEO ဦးဘမောင်စိန် အပါအဝင် ဘဏ်ဒါရိုက်တာ ၉ ဦးကို ငွေကြေးခဝါချမှုနဲ့ စစ်ကောင်စီက စစ်ဆေးနေကြောင်း သတင်းများ ထွက်ပေါ်နေပြီး ရိုးမဘဏ်ဘက်က ပြန်လည် ငြင်းဆိုထား

၁၁ ဇူလိုင်၊ ၂၀၂၄

ရိုးမဘဏ် ဥက္ကဋ္ဌ ဦးသိမ်းဝေ၊ CEO ဦးဘမောင်စိန်အပါအဝင် ရိုးမဘဏ်ဒါရိုက်တာ ၉ ဦးကို ငွေကြေးခဝါချမှုနဲ့ နေပြည်တော်မှာ ထိန်းသိမ်း ဖမ်းဆီးထားပြီး ခုထိ ပြန်မလွှတ်ပေးသေးဘူးလို့ သတင်းတွေ ထွက်ပေါ်နေပြီး ရိုးမဘဏ်ဘက်က နာရီပိုင်းအတွင်း ပြန်လည် ငြင်းချက်ထုတ်လိုက်ပါတယ်။

ဇွန်လ၃ ရက်နေ့က ထိုင်းနိုင်ငံ ကွန်ဒိုတိုက်ခန်း ရောင်းဝယ်မှုတွေကို ရိုးမဘဏ်ကတဆင့် ငွေကြေး လွှဲပြောင်း ပြီး နိုင်ငံခြားငွေဥပဒေနဲ့ ငြိစွန်းနေတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ ရိုးမဘဏ် နဲ့ ရိုးမလုပ်ငန်းစု ဥက္ကဋ္ဌ ဦးသိမ်း ဝေခေါ် Serge Pan ကို ထိန်းသိမ်းစစ်ဆေးနေပါတယ်။

ရိုးမလုပ်ငန်းစုသူဌေး ဦးသိမ်းဝေကို ထိန်းသိမ်းတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတာ ၆ ပတ်နီးပါး ရှိနေပါပြီ။

ရိုးမဘဏ်ဟာ မူလသတ်မှတ်ထားတဲ့ လည်ပတ်ငွေထက် ပိုမိုကျော်လွန်တဲ့ ပမာဏနဲ့ လှည့်ပတ်သုံးစွဲနေပြီး ချေးငွေပမာဏများနေတဲ့အတွက် ဦးသိမ်းဝေ၊ ဦးဘမောင်စိန်အပါအဝင် ဒါရိုက်တာ ၉ ဦးကို နေပြည်တော်မှာ ထိန်းသိမ်းစစ်ဆေးနေတာလို့ သတင်းတွေ ထွက်ပေါ်နေပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ချက် မရှိသေးသလို ရိုးမဘဏ်ဘက်ကလည်း ဇူလိုင် ၁၀ ရက် ညပိုင်းမှာ မီဒီယာတစ်ခုက Breaking News အဖြစ်တင်ပြီး ၃နာရီအတွင်း ပြန်လည် ငြင်းဆိုချက် ထုတ်ပြန်လိုက်ပြီး မဟုတ်မမှန် သတင်းဖြန့်သူတွေကို တည်ဆဲတရားဥပဒေတွေနဲ့ အရေးယူသွားမယ်လို့ ကြေညာခဲ့ပါတယ်။

ရိုးမဘဏ်ဟာ ၁၉၉၃ ခုနှစ် မေလမှာ ဦးသိမ်းဝေရဲ့ FMI ရင်းနှီးမြုပ်နှံမှု ကုမ္ပဏီမှ စတင်တည်ထောင်ခဲ့ပြီး မြို့ပေါင်း ၄၃ ခုတွင် ဘဏ်ခွဲပေါင်း ၈၅ ခု ဖွင့်လှစ်ထားတဲ့ ဘဏ်တစ်ခု ဖြစ်ပါတယ်။

စင်ကာပူအခြေစိုက် Yoma Strategic Holdings ကုမ္ပဏီရဲ့ မြန်မာနိုင်ငံဆိုင်ရာ လုပ်ငန်းခွဲဖြစ်တဲ့ Yomaဘဏ်သူဌေးဦးသိမ်းဝေကို မြန်မာစစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်းထားတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါပြီး စင်ကာပူ စတော့ဈေးကွက်အတွင်းက Yoma ရဲ့ ရှယ်ယာတန်ဖိုးတွေ ၂၀ ရာခိုင်နှုန်းအထိ ကျဆင်းသွားတယ်လို့ သိရပါတယ်။

ဆက်စပ် သတင်းများ

Most read