Homeပြည်တွင်းသတင်းဗိုလ်ချုပ်ကြီးယွက်စစ် လူထုတွေ့ဆုံပွဲပြုလုပ်နေစဉ် စစ်ကော်မရှင်က တိုက်လေယာဉ်ဖြင့် ၆ ကြိမ်တိုင် အနီးကပ်ပျံသန်းခြိမ်းခြောက်ခဲ့ဟု ဆို

ဗိုလ်ချုပ်ကြီးယွက်စစ် လူထုတွေ့ဆုံပွဲပြုလုပ်နေစဉ် စစ်ကော်မရှင်က တိုက်လေယာဉ်ဖြင့် ၆ ကြိမ်တိုင် အနီးကပ်ပျံသန်းခြိမ်းခြောက်ခဲ့ဟု ဆို

၂၈ မေ ၂၀၂၆ | New Day Myanmar

ရှမ်းတောင်ပိုင်း၊ ခိုလမ်မြို့နယ်အတွင်းမှာ RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်နဲ့ အဖွဲ့ကို စစ်ကော်မရှင်ဘက်က တိုက်လေယာဉ်နဲ့ ၆ ကြိမ်တိုင် အနီးကပ်ပျံသန်း ခြိမ်းခြောက်ခဲ့တယ်လို့ RCSS သတင်းပြန်ကြားရေးဌာနရဲ့ အသိပေးချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ မေလ ၂၇ ရက်နေ့ မနက်ပိုင်းက ခိုလမ်မြို့နယ်၊ ဝမ့်နန်းကျေးရွာမှာ လူထုတွေ့ဆုံပွဲ ပြုလုပ်နေချိန် စစ်ကော်မရှင်ရဲ့ တိုက်လေယာဉ်တစ်စင်းဟာ အနီးကပ်ပျံသန်းကာ ခြိမ်းခြောက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

အဆိုပါ တိုက်လေယာဉ်ဟာ နမ့်စန်လေတပ်က ဖြစ်နိုင်တယ်လို့ ကနဦးယူဆထားပြီး ဝမ့်နန်းရွာအနီးကို ၆ ကြိမ်တိုင်တိုင် အနီးကပ်ချဉ်းကပ် ပျံသန်းခဲ့တယ်လို့ သိရပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး စစ်ကော်မရှင်ဘက်က “လေ့ကျင့်ပျံသန်းမှု” လို့ ဆိုထားပေမယ့် လက်တွေ့မှာတော့ တမင်သက်သက် ခြိမ်းခြောက်စော်ကားတဲ့ လုပ်ရပ်သာဖြစ်တယ်လို့ RCSS ဘက်က ထောက်ပြထားပါတယ်။

RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်ကတော့ မိမိတို့အနေနဲ့ ငြိမ်းချမ်းရေးသဘောတူညီချက်တွေကို လေးစားထောက်ရှုထားတာကြောင့်လည်းကောင်း၊ လူထုတွေ့ဆုံရေးခရီးစဉ်ဟာ စစ်ရေးပြင်ဆင်မှုမရှိတဲ့ ခရီးစဉ်ဖြစ်တာကြောင့်လည်းကောင်း တစ်စုံတစ်ရာ တုံ့ပြန်တာမျိုး မလုပ်ခဲ့ဘူးလို့ ပြောကြားထားတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် အခုလို လုပ်ရပ်တွေဟာ လက်ရှိဖော်ဆောင်နေတဲ့ “ရက် ၁၀၀ ငြိမ်းချမ်းရေးစီမံချက်” အပေါ် ယုံကြည်မှု ထိခိုက်စေနိုင်တယ်လို့လည်း သတိပေးပြောဆိုထားပါတယ်။

ဓာတ်ပုံ – Tai Freedom

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး