Homeနိုင်ငံတကာသတင်းအာတီမစ် ၂ အဖွဲ့သားတွေကို အမေရိကန်ရေတပ်သင်္ဘောပေါ်သို့ လုံခြုံစွာ ပြန်လည်ခေါ်ဆောင်

အာတီမစ် ၂ အဖွဲ့သားတွေကို အမေရိကန်ရေတပ်သင်္ဘောပေါ်သို့ လုံခြုံစွာ ပြန်လည်ခေါ်ဆောင်

၁၁ ဧပြီ ၂၀၂၆ | New Day Myanmar

ဒီနေ့ မနက်အစောပိုင်းမှာ ကမ္ဘာကို ပြန်လည်ဆင်းသက်ခဲ့တဲ့ NASA ရဲ့ Artemis II အဖွဲ့သားတွေကို သူတို့ရဲ့ Orion spacecraft အာကာသယာဉ်ပေါ်မှာ လိုအပ်တဲ့ စစ်ဆေးမှုတွေ ပြုလုပ်ပြီးနောက် အမေရိကန်ရေတပ် သင်္ဘောပေါ်ကို ရဟတ်ယာဉ်နဲ့ လုံခြုံစွာ ခေါ်ဆောင်လာနိုင်ခဲ့ပါတယ်။

အာကာသယာဉ်မှူး လေးဦးစလုံးရဲ့ ကျန်းမာရေး အခြေအနေတွေက ကောင်းမွန်နေပြီး နောက်ထပ် လိုအပ်တဲ့ ဆေးစစ်မှုတွေကို ဆက်လက် ပြုလုပ်သွားမှာဖြစ်ပါတယ်။ ဆေးစစ်မှုတွေ ပြီးဆုံးပြီးနောက်မှာတော့ မိသားစုတွေနဲ့ ပြန်လည်ဆုံတွေ့နိုင်အောင် စီစဉ်ပေးသွားမှာ ဖြစ်ပါတယ်။

အဖွဲ့ခေါင်းဆောင် Commander Reid ရဲ့ လက်ထဲမှာ မစ်ရှင်လာဘ်ကောင်အရုပ်ဖြစ်တဲ့ “Rise” ကိုပါ ပြန်လည်ယူဆောင်လာတာကိုလည်း တွေ့မြင်ရပါတယ်။

ဒီမစ်ရှင်ဟာ လကမ္ဘာအနီးသို့ လူသားတွေကို ပြန်လည်ပို့ဆောင်နိုင်ခဲ့တဲ့ အရေးကြီးတဲ့ အဆင့်တစ်ခုဖြစ်ပြီး နောက်တစ်ဆင့်ဖြစ်တဲ့ Artemis III မစ်ရှင်အတွက် အရေးပါတဲ့ အခြေခံအုတ်မြစ်တစ်ခု ဖြစ်လာခဲ့ပါတယ်။

Related News

Most Read