၂ မတ် ၂၀၂၆ | New Day Myanmar
ထောင်ဒဏ်တစ်သက် ချမှတ်ခံထားရတဲ့ မှတ်တမ်းရုပ်ရှင်ဖန်တီးသူ မရှင်ဒေဝီဟာ ဒီကနေ့ မတ်လ ၂ ရက်မှာ စစ်ကော်မရှင်ရဲ့ လွတ်ငြိမ်းခွင့်နဲ့ ပြန်လည်လွတ်မြောက်လာကြောင်း သိရပါတယ်။
ဒီလွတ်ငြိမ်းခွင့်ဟာ ဒီကနေ့ ကျရောက်တဲ့ တောင်သူလယ်သမားနေ့ အထိမ်းအမှတ်အနေနဲ့ စစ်ကော်မရှင်က ထုတ်ပြန်ခဲ့တာဖြစ်ပြီး မရှင်ဒေဝီလည်း လွတ်မြောက်လာသူတွေထဲမှာ ပါဝင်လာတာဖြစ်ပါတယ်။
မှတ်တမ်းရုပ်ရှင်ဖန်တီးသူ မရှင်ဒေဝီကို ၂၀၂၃ ခုနှစ် အောက်တိုဘာ ၁၅ ရက်မှာ စစ်တပ်က ဖမ်းဆီးခဲ့ပြီးနောက် ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁၀ ရက်မှာ ရန်ကုန်မြို့ အင်းစိန်အကျဉ်းထောင်အတွင်းရှိ တရားရုံး စစ်ခုံရုံးကနေ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေ ပုဒ်မ နှစ်ခုနဲ့ ထောင်ဒဏ်တစ်သက် ချမှတ်ခဲ့တာဖြစ်ပါတယ်။
မရှင်ဒေဝီဟာ ၁၉၈၈ ခုနှစ်ကတည်းက စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ခဲ့သူတစ်ဦးဖြစ်ပြီး ၂၀၀၇ ခုနှစ် ရွှေဝါရောင်အရေးအခင်းအကြောင်းကို မှတ်တမ်းတင် ရိုက်ကူးခဲ့သူအဖြစ်လည်း လူသိများပါတယ်။
ဓာတ်ပုံ – ပုံအဟောင်း


