Homeပြည်တွင်းသတင်းကန့်ဘလူမှာ စစ်အုပ်စုရဲ့ Mi-17 ရဟတ် ယာဉ်ကို တော်လှန်ရေးအဖွဲ့ ပစ်ခတ်တိုက်ခိုက်

ကန့်ဘလူမှာ စစ်အုပ်စုရဲ့ Mi-17 ရဟတ် ယာဉ်ကို တော်လှန်ရေးအဖွဲ့ ပစ်ခတ်တိုက်ခိုက်

၁၀ ဇန်နဝါရီ ၂၀၂၆

စစ်ကိုင်းတိုင်း၊ မုံရွာအနောက်မြောက်တိုင်းစစ်ဌာနချုပ်ကို ဆင်းသက်ဖို့လာတဲ့ Mi-17 ရဟတ်ယာဉ်ကို မုံရွာခရိုင်တပ် ရင်းတွေက ပစ်ခတ်ခဲ့တာကြောင့် ရဟန်ယာဉ် ဦးခေါင်းပိုင်းနဲ့ အမြီးပိုင်းကို ထိမှန်ပြီး ပြန်လည်ထွက်ခွာသွားတယ်လို့ မုံရွာခရိုင် အမှတ် ၂၀တပ်ရင်း (BOB) က ဒီနေ့ ဇန်နဝါရီ ၁၀ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီရဟတ်ယာဉ်ဟာ ကန့်ဘလူမြို့နယ် အမှတ် ၆၀၀၆ အမြောက်တပ်ကနေ ပျံသန်းလာတဲ့ ထောက်ပို့ရဟတ်ယာဉ်ဖြစ်ပြီး ၊ ကန့်ဘလူနယ်ထဲမှာ ပစ်ခတ်တိုက် ခိုက်ခံခဲ့ရတာလို့သိရပါတယ်။

ဒီပစ်ခတ်တိုက်ခိုက်မှုကို ဇန်နဝါရီ ၈ ရက်က လုပ်ဆောင်ခဲ့တာဖြစ်ပြီး ပစ်ခတ်မှုမှာ မုံရွာခရိုင် အမှတ် ၂၀တပ်ရင်း (BOB)က စီစဉ်ပြီး သပိတ်ကျင်းတိုက်နယ်(ပကဖ)နဲ့ အရာတော်မြို့နယ်(ပကဖ)တို့ကမုံရွာခရိုင်(ပကဖ)ရဲ့ ထောက်ပံ့မှုနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ BOB ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

စစ်ကော်မရှင်တပ်ကတော့ ဒီဖြစ်စဉ်အတွက် အခုအထိ သတင်းထုတ်ပြန်တာမျိုး မရှိသေးသလို Mi-17 ရဟတ်ယာဉ်ထိခိုက်မှုအခြေအနေကိုလည်း New Day Myanmarအနေနဲ့ သီးခြားမတည်မပြုနိုင်သေးပါဘူး။

စစ်အာဏာသိမ်း ငါနှစ်နီးပါးအတွင်း စစ်တပ်ရဲ့ တိုက်လေယာဉ်နဲ့ ရဟတ်ယာဉ်တချို့ဟာ တော်လှန်ရေးအဖွဲ့ရဲ့ထိန်းချုပ်ဒေသတွေမှာ ပစ်ချ၊ ပျက်ကျခဲ့တဲ့ ဖြစ်စဉ်တွေ ၁၀ ကြိမ်ထက်မနည်းရှိခဲ့ပါတယ်။

ဓာတ်ပုံ-BOB

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး