Homeပြည်တွင်းသတင်းစစ်တောင်းမြစ်ဝှမ်းဒေသ အောင်မြင်စစ်ဆင်ရေးအဖြစ် တောကျွဲအင်းမြို့ရှိ စစ်အုပ်စု စခန်း(၁၄)ခု ကို စီးနင်းတိုင်ခိုက် ၊ စစ်အုပ်စုဘက်က ၅၀ဦးထက်မနည်းသေဆုံး ၊ လက်နက်အမြောက်အများ...

စစ်တောင်းမြစ်ဝှမ်းဒေသ အောင်မြင်စစ်ဆင်ရေးအဖြစ် တောကျွဲအင်းမြို့ရှိ စစ်အုပ်စု စခန်း(၁၄)ခု ကို စီးနင်းတိုင်ခိုက် ၊ စစ်အုပ်စုဘက်က ၅၀ဦးထက်မနည်းသေဆုံး ၊ လက်နက်အမြောက်အများ သိမ်းဆည်းရမိဟု PDFထုတ်ပြန်

၉ ဇန်နဝါရီ ၂၀၂၆

ပဲခူးတိုင်းစစ်ဌာန စစ်တောင်းမြစ်ဝှမ်းဒေသ၌ အောင်မြင်စစ်ဆင်ရေးအဖြစ် ဒီကနေ့ ဇန်နဝါရီ ၉ရက်နေ့ နံနက်ပိုင်းအ ချိန်မှာ တောကျွဲအင်းမြို့ရှိ စစ်အုပ်စု စခန်း(၁၄)ခု ကို စီးနင်းဝင်ရောက်တိုက် ခိုက် ချေမှုန်းခဲ့တယ်လို့ အမှတ်(၂) စစ် ဆင်ရေးနယ်မြေ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က ထုတ်ပြန်လာပါတယ်။

တောကျွဲအင်းမြို့အပါ ရန်ကုန် – မန္တလေးလမ်းဟောင်းပေါ်ကအုတ်တွင်းမြို့နယ်၊ ညောင်ခြေထောက်နဲ့ ကျွဲပွဲကြား စည်ပင်သာကျေးရွာမှာတပ်စွဲထားတဲ့ စစ်အုပ်စုဂိတ်စခန်း၊ ကျောက်တံခါးမြို့နယ်၊ သာ ယာကုန်းမြို့၊ မီးရထားလမ်းတံတားမှာ အထိုင်ချတပ်စွဲထားတဲ့ ကင်းစခန်းတို့ အပါအဝင် စစ်အုပ်စုရဲ့ စခန်း (၁၄)ခုကို ဝင်ရောက်စီးနင်းသိမ်းပိုက်ခဲ့တာလို့ ဖော် ပြထားပါတယ်။

အဲ့ဒီ တိုက်ခိုက်မှုအတွင်း စစ်အုပ်စုဘက်က ၅၀ ဦးထက်မနည်း သေဆုံးခဲ့ပြီး အများအပြားထိခိုက်ဒဏ်ရာရရှိကာ လက်နက်ခဲယမ်း အမြောက်အများကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ဆိုပါတယ်။

တောကျွဲအင်းမြို့(အောင်မြင်မြို့)ကို ထိန်းချုပ်ပြီးနောက် စစ်အုပ်စုရဲ့ အုပ်ချုပ်ရေးယန္တရားအဆောက်အအုံတွေ ရွေးကောက်ပွဲကော်မရှင်ရုံးနဲ့ နယ်မြေရဲစခန်းတွေကို မီးရှို့ရှင်းလင်းခဲ့ပြီး မြို့ကိုလည်း ခေတ္တခဏ ထိန်းချုပ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် တောကျွဲအင်းမြို့နယ်မြေ ရဲစ ခန်းမှာ စစ်အုပ်စုက မတရားဖမ်းဆီး ချုပ်နှောင်ထားတဲ့ ပြည်သူ ၈ဦးကိုလည်း ပြည်သူ့ကာကွယ်ရေးတပ်မတော်က စီစစ်ပြီး လွှတ်ပေးနိုင်ခဲ့တဲ့အပြင် ညောင်လေးပင်မြို့ နဲ့ပိန်းဇလုပ်မြို့ကြားက ရန်ကုန်-မန္တလေးလမ်းဟောင်းမှာလည်း လုံခြုံရေးဆိုင်ရာ စစ်ဆေးဆောင်ရွက်တာတွေလုပ်နိုင်ခဲ့တယ်လို့ဆိုပါတယ်။

အခုတိုက်ခိုက်ခဲ့တဲ့ စစ်တောင်းမြစ်ဝှမ်းဒေသ အောင်မြင်စစ်ဆင်ရေးအတွင်းမှာ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ရဲဘော်အချိုလည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဆိုပါတယ်။

အခုစစ်ဆင်ရေးကို အမှတ်(၂) စစ်ဆင် ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ (၂၃) ကွပ်ကဲမှုအောက်မှာရှိတဲ့ အမှတ် (၃၅၀၂) တပ်ရင်း၊ ဗျူဟာ(၂၄) ကွပ်ကဲမှုအောက်ရှိ P27803 အာဠာဝကတပ်ရင်း၊ P23503 ဒေါင်းဖြူတပ်ရင်း၊ P29903 နဂါးနီတပ်ရင်း၊ ဗျူဟာ(၂၅) ကွပ်ကဲမှုအောက်ရှိ အမှတ်(၃၇၀၂) တပ်ရင်း၊ P29914 အထူးကွန်မန်ဒိုတပ်ရင်း၊ ဗျူ ဟာ(၂၆) ပူးပေါင်းတပ်ဖွဲ့ နဲ့ အုတ်တွင်းမြို့နယ် ပကဖ၊ ဖြူးမြို့နယ်ပကဖတို့ ကပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ဖော်ပြထားပါတယ်။

အမှတ်(၂) စစ်ဆင်ရေးနယ်မြေအတွင်း စစ်ဆင်ရေးတွေကို တိုးမြှင့်ဆောင်ရွက်သွားမှာ ဖြစ်တာကြောင့် ပြည်သူတွေအနေနဲ့အကြမ်းဖက်စစ်တပ်စခန်း အနီးဝန်းကျင်ကို မလိုအပ်ဘဲ သွားရောက်ခြင်း မပြုကြရန်နဲ့ စစ်ရေးသတိနဲ့နေထိုင်သွား လာကြဖို့ အသိပေးထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ-အမှတ်(၂) စစ်ဆင်ရေးနယ်မြေ

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး