Homeပြည်တွင်းသတင်းကျောက်တံခါးမြို့နယ်က တောကျွဲအင်းမြို့ကို PDF ပူးပေါင်းတပ်တွေ သိမ်းပိုက်

ကျောက်တံခါးမြို့နယ်က တောကျွဲအင်းမြို့ကို PDF ပူးပေါင်းတပ်တွေ သိမ်းပိုက်

ဇန်နဝါရီ ၂၀၂၆

ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်မှာရှိတဲ့ ကျောက်တံခါးမြို့နယ် တောကျွဲအင်းမြို့ကို PDF ပူးပေါင်းတပ်တွေ သိမ်းပိုက်လိုက်ပြီဖြစ်တယ်လို့ ဒေသခံသတင်းရင်း မြစ်တွေဆီကနေ သိရပါတယ်။

တောကျွဲအင်းမြို့ဟာ ပဲခူးတိုင်းဒေသကြီးအရှေ့ခြမ်း၊ ပဲခူးခရိုင်၊ကျောက်တံခါးမြို့နယ်အတွင်းမှာ တည်ရှိတာဖြစ်ပါတယ်။

PDFပူးပေါင်းအဖွဲ့ဟာ တောကျွဲအင်းမြိူ့ကို မနေ့က ဇန်နဝါရီ ၈ရက် ည ၁၀နာရီအချိန်မှာ စီးနင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ရဲစခန်းအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တပ်စွဲထားတဲ့ နေရာတွေကို ဝင်ရောက်တိုက်ခိုက်ပြီးနောက်မှာ မြို့ကို သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။

အဲဒီ တိုက်ပွဲအတွင်း တောကျွဲအင်းမြို့နဲ့ ၂ မိုင်ခန့်သာကွာတဲ့ ခမရ ၃၀၇ တပ်က အမြောက်နဲ့ ဆက်တိုက်ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

“ရထားလမ်းတွေလည်း ဒီနေ့ပိတ်ထားတယ်ကြားတယ်။ အရင်ဆို ပုံမှန်ပြေးနေတဲ့ ရထားတွေ ပြေးတာမတွေရဘူး”လို့ ဒေသခံတစ်ဦးက ပြောပါတယ်

ဒါ့အပြင် ပဲခူးတိုင်းအနောက်ခြမ်းက သာယာဝတီခရိုင်ထဲက လက်ပံတန်း၊ ကြို့ပင်ကောက်၊ မင်းလှမြို့နယ်နဲ့ နတ်တလင်းခရိုင်ထဲက နတ်တလင်းမြို့မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေကိုလည်း ပြည်သူ့တော်လှန်ရေးတပ်ဖွဲ့ PDFက ဇန်နဝါရီ ၇ရက် မနက်အစောပိုင်းမှာ တပြိုင်နက် တိုက်ခိုက်ခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး