Homeပြည်တွင်းသတင်းနှစ်သစ်ကူးအကြိုညမှာ ပျဉ်းမနားမြို့နယ်မှာ မီးလောင်မှုဖြစ်ပွား၊ အိမ်ခြေ ၅၀ကျော် မီးလောင်ဆုံးရှုံး

နှစ်သစ်ကူးအကြိုညမှာ ပျဉ်းမနားမြို့နယ်မှာ မီးလောင်မှုဖြစ်ပွား၊ အိမ်ခြေ ၅၀ကျော် မီးလောင်ဆုံးရှုံး

ဇန်နဝါရီ ၂၀၂၆

နှစ်သစ်ကူးအကြိုည ဒီဇင်ဘာ ၃၁ ရက် ၇ နာရီအချိန်နေပြည်တော်ပျဉ်းမနားမြို့နယ်မှာမီးလောင်မှုဖြစ်ပွားခဲ့ပြီး အိမ်ခြေ ၅၄ လုံး ကျော် မီးလောင်ဆုံးရှုံးခဲ့တယ်လို့ ပျဉ်းမနားမီးသတ်တပ်ဖွဲ့ဆီကနေ သိရပါတယ်။

အဲ့ဒီမီးလောင်မှုဟာ ပျဉ်းမနားမြို့နယ်၊ ရန်အောင် ၂ ရပ်ကွက် ရန်နိုင်ရပ် နယ်မြေ ၁၆မှာ လောင်ကျွမ်းခဲ့တာဖြစ်ပြီး မီးသတ်တပ်ဖွဲ့က Level 2 အဆင့်ငြိမ်းသတ်ခဲ့ပြီးတော့ ည ၈ နာရီအချိန်မှာ မီးငြိမ်းသတ်နိုင်ခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ကနေသိရပါတယ်။

ဓါတ်ပုံ- မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့/ မိုးစေတနာပရဟိတအသင်း-ရန်ကုန် နေပြည်တော် ပျဉ်းမနားရုံးခွဲ

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး