Homeပြည်တွင်းသတင်းKNU ထိန်းချုပ်နယ်မြေက ဆေးပေးခန်းနဲ့ ဘုန်းကြီးကျောင်းကို စစ်ကော်မရှင်တပ် ဗုံးကျဲ၊ ၄ ဦးသေဆုံး

KNU ထိန်းချုပ်နယ်မြေက ဆေးပေးခန်းနဲ့ ဘုန်းကြီးကျောင်းကို စစ်ကော်မရှင်တပ် ဗုံးကျဲ၊ ၄ ဦးသေဆုံး

၁၃ ဒီဇင်ဘာ ၂၀၂၅

ပဲခူးတိုင်း ၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်ထဲက ကျေးရွာတွေက ဆေးပေးခန်း၊ ဘုန်းကြီးကျောင်းနဲ့ လူနေအိမ်တွေကို စစ်ကော်မရှင်တပ်က လေကြောင်းကနေ ဗုံးကျဲတိုက်ခိုက်ခဲ့တာကြောင့် သံဃာ ၁ ပါး အပါအဝင် ၄ ဦးသေဆုံးခဲ့တယ်လို့ KNU ညောင်လေးပင်ခရိုင်က ဒီဇင်ဘာ ၁၃ ရက်မှာ ထုတ်ပြန်ပါတယ်။

စစ်ကော်မရှင်တပ်က ဒီဇင်ဘာလ ၁၀ ရက်ညပိုင်းမှာ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ် လိန်ပင်ကျေးရွာကို စစ်ကောင်စီမှ လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အသက် ၄၆ နှစ်အရွယ် အမျိုးသား ၁ ဦး သေဆုံးခဲ့ရပါတယ်။

ဒါ့အပြင် ညောင်လေးပင်ခရိုင် ရွှေခဲစုကျေးရွာကို နတ်သံကွင်းအထိုင် စစ်ကော်မရှင်တပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် အသက် ၄၇ နှစ်အရွယ် အမျိုးသမီး ၁ ဦး သေဆုံးခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၈ ရက်ကလည်း ကျောက်ကြီးမြို့နယ် ကျောက်စရစ် အရှေ့ဘက်ကျေးရွာကို စစ်ကောင်စီ ဒရုန်းအသုံးပြု ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဆေးပေးခန်းပျက်စီးသွားတယ်လို့ သိရပါတယ်။

အဲ့ဒီနောက် စစ်ကော်မရှင်တပ်က စက်တပ်လေထီး ပါရာမော်တာနဲ့ ကျောက်စရစ် အနောက်ဘက် ကျေးရွာကိုဗုံးကျဲတိုက်ခိုက်ခဲ့လို့ ဘုန်းကြီးကျောင်း ထိမှန်ပျက်စီးခဲ့ရပြီး အသက် ၇၈ နှစ်အရွယ် ဦးဇင်းဦးစန္ဒိမာ နဲ့ အသက် ၇၆ နှစ်အရွယ် အဘွားအို ၁ ဦး သေဆုံးခဲ့ရပြီး

အသက် ၁၃ နှစ်အရွယ် ကလေးငယ် ၁ ဦးလည်း ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

#KNU#ကျောက်ကြီးမြို့နယ်#ပဲခူးတိုင်း#ဗုံးကျဲတိုက်ခိုက်#ဆေးပေးခန်း#ဘုန်းကြီးကျောင်း

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး