Homeပြည်တွင်းသတင်းအထောက်အထားမဲ့​ရွေ့​ပြောင်းလုပ်သားတွေအတွက် ပန်းရောင်ကတ်လုပ်ငန်းစဉ် ထိုင်း စတင်

အထောက်အထားမဲ့​ရွေ့​ပြောင်းလုပ်သားတွေအတွက် ပန်းရောင်ကတ်လုပ်ငန်းစဉ် ထိုင်း စတင်

၁၂ ဒီဇင်ဘာ ၂၀၂၅

ထိုင်းနိုင်ငံမှာ အထောက်အထားမဲ့ ရွှေ့ပြောင်းလုပ်သားတွေအတွက် ပန်းရောင်ကတ်(ဘတ်)အထောက်အထားသစ်လုပ်ဖို့ ဒီဇင်ဘာ ၁၂ ရက်မှာ စတင်ခွင့်ပြုလိုက်ပြီးဖြစ်တယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံမှာ ရောက်ရှိနေတဲ့ မြန်မာ၊ ဗီယက်နမ်၊လာအို ၃ နိုင်ငံက အထောက်အထားမဲ့နိုင်ငံခြားသားရွှေ့ပြောင်းလုပ်သားတွေအတွက် ပန်းရောင်ကတ် ဘတ်) အထောက်အထားသစ် လုပ်ဖို့ နာမည်စာရင်းတင်သွင်းတဲ့ လုပ်ငန်းစဉ်ကို ဒီဇင်ဘာ ၁၂ ရက်ကနေ ဒီဇင်ဘာ

၂၆ ရက်အတွင်း စတင်ပြုလုပ်ဖို့ ထိုင်းအလုပ်သမားဝန်ကြီးဌာနက ခွင့်ပြုလိုက်တာပါ။

အခုလို ခွင့်ပြုလိုက်တဲ့ အတွက် အလုပ်သမားတွေ ဖမ်းဆီးမခံရအောင် ပန်းရောင်ကတ်(ဘတ်) ရအောင် ပြုလုပ်ကြဖို့အလုပ်သမားအရေး လုပ်ဆောင်သူတွေကတိုက်တွန်း​နေပါတယ်။

အခုခွင့်ပြုကာလအတွင်း အလုပ်သမားအတွက် နာမည်စာရင်းသွင်းတာ၊ ကျန်းမာရေးစစ်ဆေးတာ၊ ဘိုင်အိုဒေတာ အချက်အလက် တင်သွင်းတာ၊ ပန်းရောင်ကတ် ပြုလုပ်တာနဲ့ အလုပ်သမား Work permit၊ ဗီဇာတုံးထုတာ တာတွေကို ရက်ပေါင်း ၆၀ အတွင်းလုပ်ဆောင်ရမှာ ဖြစ်ပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး