Homeပြည်တွင်းသတင်းအင်းစိန်ထောင်ရှေ့ တကိုယ်တော် ဆန္ဒပြသူ လူငယ်တဦး ဖမ်းဆီးခံရ

အင်းစိန်ထောင်ရှေ့ တကိုယ်တော် ဆန္ဒပြသူ လူငယ်တဦး ဖမ်းဆီးခံရ

ဒီဇင်ဘာ ၂၀၂၅

အင်းစိန်ထောင်ရှေ့တကိုယ်တော် ဆန္ဒပြ

သူ အသက်၂၀ အရွယ် လူငယ်တဦး ဖမ်း ဆီးခံရတယ်လို့ Rangoon Scout Net- work က ဒီကနေ့ ဒီဇင်ဘာ ၂ရက်မှာ အသိပေးထားပါတယ်။

အဲဒီဆန္ဒပြတဲ့ ဖြစ်စဉ်ဟာ နိုဝင်ဘာလ ၂၄ ရက်နေ့ ၁၂ နာရီအချိန်ခန့်က ဖြစ်ပွားခဲ့တာဖြစ်ပြီး အင်းစိန်ထောင်ဘူးဝ ဂိတ်အနီး နိုင်ငံရေးအကျဉ်းသားအားလုံးလွှတ်ပေးပါ စာတမ်းကို ကတ်ထူစာရွက်နဲ့‌ ရေးသားထားပြီး NLD ပါတီအလံကို ကိုင်ဆောင်ကာ တကိုယ်တော်ဆန္ဒပြခဲ့တာဖြစ်ပါတယ်။

လတ်တလော ဆန္ဒပြတဲ့လူငယ်ကို စစ်ကော်မရှင်လက်အောက်ခံတပ်သားတွေက ဖမ်းဆီးထားပြီးတော့ ဒီလူငယ်ဟာ သင်္ဃန်းကျွန်းမြို့နယ်၊ ကြီးပွားရေးရပ် ကွက်မှာနေထိုင်တဲ့ နှင်းထက်ထက်အောင် ဖြစ်တယ်လို့ စစ်အုပ်စုရဲ့လော်ဘီချန်နယ်တွေမှာ ဖော်ပြထားတာတွေ့ရပါတယ်။

အခု ရက်သတ္တပတ်ထဲမှာလည်း မြို့နယ် ၆ မြို့နယ်ဖြစ်တဲ့ အင်းစိန်၊ မြောက်ဒဂုံ၊ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ သာကေတနှနဲ့ တောင်ဒဂုံမြို့နယ်တို့မှာ လူငယ် ၂၂ဦးဖမ်းဆီးခံထားရတယ်လို့ Rangoon Scout Network ထပ်မံအသိပေးထားပါတယ်။

ဖမ်းဆီးခံရတဲ့ သူတွေထဲမှာ စစ်မှုထမ်းစာရင်းနဲ့ ရှာဖွေဖမ်းဆီးခံရသူ ၁၀ ဦး၊ ထောင်ရှေ့ဆန္ဒပြ ဖမ်းဆီးခံရသူ ၁ ဦး၊ လမ်းဘေးထိုင်နေစဉ် ဖမ်းခံရသူ ၄ ဦး၊ လမ်းပေါ်သွားလာနေစဉ် ဖမ်းခံရသူ ၃ ဦး၊ မဲဆွယ်ဆိုင်းဘုတ်ကို ဖျက်ဆီးလို့ဆိုပြီး ဖမ်းခံရသူ ၂ ဦးနဲ့ အုပ်ချုပ်ရေးမှူးရုံးထဲ ချုပ်နှောင်ခံထားရသူ ၂ ဦးတို့ဖြစ်တယ်လို့ သိရပါတယ်။

ပုံစာ – အင်းစိန်ထောင်ရှေ့ (ပုံဟောင်း)

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး