Homeပြည်တွင်းသတင်းထိုင်းနိုင်ငံမှာ မြန်မာလုပ်သားတဦး ကြိတ်စက်ထဲ ပြုတ်ကျပြီး သေဆုံး

ထိုင်းနိုင်ငံမှာ မြန်မာလုပ်သားတဦး ကြိတ်စက်ထဲ ပြုတ်ကျပြီး သေဆုံး

၂၀ နိုဝင်ဘာ ၂၀၂၅

ထိုင်းနိုင်ငံ၊ ချွန်ဘူရီမှာရှိတဲ့ စက်ရုံတရုံမှာ မြန်မာလုပ် သားတဦး ကြိတ်စက်ထဲ ပြုတ်ကျပြီး သေဆုံးခဲ့တဲ့ ဖြစ်စဥ်တခု နိုဝင်ဘာလ ၂၀ ရက်မနက်ပိုင်းက ဖြစ်ပွားခဲ့တယ်လို့ ထိုင်းရောက်မြန်မာအသိုင်းအဝိုင်းက သိရပါတယ်။

နိုဝင်ဘာလ ၂၀ ရက်နေ့ မနက်ပိုင်းက ချွန်ဘူရီက စက်ရုံတရုံမှာ မြန်မာလုပ်သားတစ်ဦး ကြိတ်စက်အတွင်း ပြုတ်ကျခဲ့တာကြောင့် ရဲတပ်ဖွဲ့နဲ့ကယ် ဆယ်ရေးအဖွဲ့ကို အကြောင်းကြားခဲ့ပေမယ့် ပြုတ်ကျသွားသူဟာ ကယ်ဆယ်အဖွဲ့ရောက်ရှိချိန်မှာစက်ကြိတ် ခံရတာကြောင့် ခန္ဓာကိုယ်အစိတ်စိတ်အမွှာမွှာဖြစ်ပြီးသေဆုံး သွားခဲ့တာလို့ သိရပါတယ်။

ထိုင်းရဲတပ်ဖွဲ့ရဲ့စစ်ဆေးချက်များအရ သေဆုံးသွားသူမှာ မြန်မာနိုင်ငံသား ရွှေ့ပြောင်းလုပ်သား အသက်၂၄ နှစ်အရွယ်မောင်ဇော်ကို ဆိုသူဖြစ်ပြီး အချိန်ကြာမြင့်စွာ အလုပ်လုပ်ခဲ့ရတာကြောင့် အိပ်ငိုက်ပြီး ကြိတ်စက်ထဲကို ပြုတ်ကျသွားခဲ့ရတာလို့ သိရပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး