Homeပြည်တွင်းသတင်းကမ္ဘာလုံးဆိုင်ရာ ဆေးယဉ်ပါးမှုတိုက်ဖျက်ရေးပညာပေး သီတင်းပတ်စတင်

ကမ္ဘာလုံးဆိုင်ရာ ဆေးယဉ်ပါးမှုတိုက်ဖျက်ရေးပညာပေး သီတင်းပတ်စတင်

၁၈ နိုဝင်ဘာ ၂၀၂၅

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) နဲ့ မိတ်ဖက်အဖွဲ့အစည်းတွေဟာ ဆေးယဉ်ပါးမှုတိုက်ဖျက်ရေး အသိပညာပေးသီတင်းပတ်ကို နိုဝင်ဘာ ၁၈ ရက်မှ ၂၄ ရက်အထိ စတင်လိုက်ပြီဖြစ်ပါတယ်။

၂၀၂၅ ခုနှစ်အတွက် ပညာပေးဆောင်ပုဒ်ကတော့ “ပစ္စုပန်ကို ကာကွယ်ပြီး အနာဂတ်ကို လုံခြုံစေ”ဆိုတာဖြစ်ပါတယ်။

ဆေးယဉ်ပါးမှုကြောင့် နှစ်စဉ် လူပေါင်း တစ်သန်းကျော် သေဆုံးနေရတယ်လို့ (WHO) ရဲ့အချက်အလက်တွေအရ သိရပါတယ်။

WHO က ဆေးယဉ်ပါးမှုတိုက်ဖျက်ရေးအတွက် နယ်ပယ်ပေါင်းစုံရဲ့ပူးပေါင်းဆောင်ရွက်မှုက အရေးကြီးတယ်လို့ပြောကြားပြီး အားလုံးပူးပေါင်းပါဝင်ဖို့ တိုက်တွန်းထားပါတယ်။

ဆေးယဉ်ပါးမူဆိုတာဟာ ရောဂါဖြစ်စေတဲ့ ဘက်တီးရီးယား၊ ဗိုင်းရပ်စ်၊ ပါရာဆိုင်၊ ဖန်းဂတ်စ်တွေဟာ ဆေးဝါးနဲ့ တိုက်ဖျက်လိုက််််လို့ မသေတော့ဘဲ ဆေးသောက်ပေမယ့် ဆိုးရွားလာနိုင်တဲ့ အခြေအနေ ကို ဆေးယဉ်ပါးမှု လို့ ခေါ်ပါတယ်။

#NewDayMyanmar#ဆေးယဉ်ပါးမှု#တိုက်ဖျက်ရေး#WHO

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး