Homeပြည်တွင်းသတင်းDKBA ထိပ်ပိုင်းခေါင်းဆောင်အချို့ကို အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက ပိတ်ဆို့ အရေးယူ

DKBA ထိပ်ပိုင်းခေါင်းဆောင်အချို့ကို အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက ပိတ်ဆို့ အရေးယူ

၁၃ နိုဝင်ဘာ ၂၀၂၅

ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA)ရဲ့ ထိပ်ပိုင်းခေါင်းဆောင်အချို့ဖြစ်တဲ့ စောစတီး၊ စောစိန်ဝင်း၊ စောဆန်းအောင်တို့ကို ဒဏ်ခတ်ပိတ်ဆို့ အရေးယူလိုက်တယ်လို့ အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ပပိုင်ဆိုင်မှုထိန်းချုပ်ရေးရုံး(OFAC) က နိုဝင်ဘာ ၁၂ ရက်မှာကြေညာခဲ့ပါတယ်။

ကျားဖြန့်စင်တာတွေကို လည်ပတ်နိုင်ထောက်ပံ့ပေးတာကြောင့် အခုလိုအရေးယူလိုက်တာဖြစ်ပြီး၊ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေကို ထောက်ပံ့ရင်း အမေရိကန်နိုင်ငံသားတွေကို ဒေါ်လာသန်းထောင်ချီ ဆုံးရှုံးမှုဖြစ်စေတယ်လို့ အမေရိကန်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါအပြင်မြန်မာ၊ လာအိုနဲ့ ကမ္ဘောဒီးယားကိုအပါအဝင် အရှေ့တောင်အာရှကကျားဖြန့်စင်တာတွေကို ဖျက်ဆီး၊ တရား စွဲဆိုတာနဲ့ စုံစမ်းစစ်ဆေးတာတွေလုပ်ဖို့ ကျားဖြန့်စင်တာနှိမ်နင်းရေးလုပ်ငန်းအဖွဲ့ကို အမေရိကန် ထောက်လှမ်းရေးအဖွဲ့အစိုးရအေဂျင်စီတွေ စုပေါင်းဖွဲ့စည်းလိုက်ပြီဖြစ်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

“မြန်မာက ရာဇဝတ်ကွန်ရက်တွေဟာ အလုပ်ကြိုးစားလုပ်ကိုင်နေကြတဲ့ အမေရိကန်နိုင်ငံသားတွေကို ကျားဖြန့်လုပ်ငန်းတွေကနေတဆင့် ဒေါ်လာသန်းထောင်ချီ လိမ်လည်ခိုးယူနေကြတယ်။ ပြီးတော့ ဒီကွန်ရက်တွေကပဲ မြန်မာမှာ လက်ရှိဖြစ်နေတဲ့ ရက်စက်လှတဲ့ပြည်တွင်းစစ်ကို မီးစထိုးပေးနေတယ်။ ဒီ ရာဇဝတ်သားတွေကို တတ်နိုင်နဲ့ နည်းလမ်းမှန်သမျှနဲ့ နှိမ်နင်းသွားမယ်” လို့ အမေရိကန်ဘဏ္ဍာ ရေးဝန်ကြီးဌာန အကြမ်းဖက်မှုနဲ့ ဘဏ္ဍာ ရေးထောက်လှမ်းမှုဆိုင်ရာ ဒုတိယဝန် ကြီး ဂျွန်ကေဟာလေ က ပြောပါတယ်။

ဒီလို ပိတ်ဆို့ဒဏ်ခတ်မှုပြုလုပ်လိုက်တာကြောင့် ပိတ်ဆို့ဒဏ်ခတ်ခံ လူပုဂ္ဂိုလ်တွေရဲ့အမေရိကန်က ပိုင်ဆိုင်မှုတွေ၊ အဲ့ဒီလူပုဂ္ဂိုလ်တွေနဲ့ ၅၀ ရာခိုင်နှုန်းအထိ တိုက် ရိုက် ဒါမှမဟုတ် သွယ်ဝိုက်စီးပွားရေးလုပ်သူတွေလည်း ပိတ်ဆို့ခံရမှာဖြစ်တယါလိုဆိုပါတယ်။

အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနဟာ ကျားဖြန့်နဲ့ဆက်နွှယ်တယ်ဆိုပြီး ကရင်နယ်ခြားစောင့်တပ် (BGF) ခေါင်းဆောင်နဲ့ သားနှစ်ဦးတို့ကို အခုနှစ် မေလမှာ ဒဏ် ခတ်ပိတ်ဆိုအရေးယူထားပါသေးတယ်။

ဓာတ်ပုံ-DKBA

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး