ထိုင်း-မြန်မာနယ်စပ်မှာရှိတဲ့ ကရင်နယ် ခြားစောင့်တပ်(BGF)က ဒီကနေ့ အောက် တိုဘာ ၂၂ရက် မနက်ပိုင်းမှာကားတွေနဲ့ သီးသန့်ပြောင်းရွှေ့ပေးနေတာကို တွေ့မြင်ရတယ်လို့ မြဝတီဒေသခံတဦးက New Day Myanmar ကိုပြောပါတယ်။
ဒီကနေ့ စစ်တပ်က ဒုတိယအကြိမ် KK Park ကို ဝင်ရောက်စီးနင်းမယ်လို့ သ တင်းထွက်ပေါ်လာတာကြောင့် တရုတ်နိုင်ငံသားတွေနဲ့ မြန်မာအလုပ်သမားတွေ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေ ကြတာဖြစ်လို့ ကနဦးသိထားရပါတယ်။
” တရုတ်နိုင်ငံသားတွေကိုတော့ဖောကားတွေနဲ့ အသုတ်လိုက် သယ်သွားတာတွေ့တယ်။ တစီးကို ၂၀/၃၀ဦးလောက်တော့ပါတယ်။ BGF က သယ်ပေးနေတာ။ ကျန်မြန်မာလုပ်သားတွေကတော့ သူဟာနဲ့သူ ရှောင်ကြတယ်ပြောတယ်။ KKPark ဘက်ဖက်ကိုသွားတဲ့လမ်းကိုလည်း ပိတ်ထားတာ ၂ရက်လောက်ရှိပြီ”လို့ အဲဒီဒေ သခံက ဆိုပါတယ်။
တရုတ်နိုင်ငံသာတွေဟာ ကျားဖြန့်လုပ် ငန်းက ဆော့ဝဲလ်ပိုင်းကျွမ်းကျင်သူတွေဖြစ်တယ်လို့ သိရပြီး၊ သူတို့ကို မြဝတီမြို့ဘက်ကို ပြောင်းရွှေ့ခေါ်ဆောင်လာတာတွေ့ရတယ်လို့ဆိုပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ကရင်နယ်ခြားစောင့်တပ် (BGF)ခေါင်းဆောင် ဗိုလ်မှူး ကြီးစောချစ်သူရဲ့ KK Park ကို စစ်တပ်က ဝင်ရောက်စီးနင်းခဲ့တယ်ဆိုတဲ့ စစ်ကော်မရှင်ရဲ့ ထုတ်ပြန်ချက်ဟာ မဟုတ်မှန်ဘဲ အနီးအနားက အစွယ်အပွား အ ဆောက်အအုံတွေကိုသာ စီးနင်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။


